Android ဖုန်းနဲ့ Reverse ဗီဒီယိုတွေကို ဘယ်လိုဖန်တီးမလဲဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Reverse ဗီဒီယို ဆိုတာကတော့ ပုံမှန်လှုပ်ရှားမှု ပုံရိပ်တွေကို ဗီဒီယို
ရိုက်လိုက်ပြီးတဲ့အချိန်မှာ ပုံရိပ်တွေကို ပြောင်းပြန်လှုပ်ရှားမှု
ပုံရိပ်တွေအဖြစ် ပြန်ပြီး ပုံဖော်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ပြောင်းပြန်လှုပ်ရှားတဲ့ နေရာမှာ ဥပမာအနေနဲ့ ဆိုရင်တော့ လူတစ်ယောက်က
ရှေ့တည့်တည့်ကို လမ်းလျှောက်လာတာကို Reverse ဗီဒီယိုစနစ်နဲ့ ရိုက်မယ်ဆိုရင်
လူကနောက်ပြန် လမ်းလျှောက်သွားတဲ့ ပုံစံမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပစ္စည်းတစ်ခုကို ကိုယ့်ရဲ့လက်ကနေ လွှင့်ပြစ်လိုက်တဲ့ပုံစံမျိုးကို Reverse
နဲ့ရိုက်မယ်ဆိုရင်လည်း လွှင့်ပစ်လိုက်တဲ့ အဝေးကပစ္စည်းက လေထဲကနေ
ကိုယ့်ရဲ့လက်ထဲကို ရောက်လာတဲ့ပုံစံမျိုး မြင်တွေ့ရမှာပါ။
Android ဖုန်းတွေရဲ့ ကင်မရာမှာ Reverse ဗီဒီယိုစနစ်က တစ်ခါတည်းပါလာတာ ရှားပါတယ်။ GIF စနစ်မှာတော့ Reverse GIF စနစ်တော့ ပါတက်ကြပါတယ်။ ဒါကြောင့် Reverse ဗီဒီယိုတစ်ခုကို ဖန်တီးမယ်ဆိုရင်တော့ ဆော့ဖ်ဝဲကို အသုံးပြုမှာပါ။ Reverse ဗီဒီယိုဖန်တီးနိုင်တဲ့ Android App တွေ အများအပြားရှိတဲ့ထဲကမှ Reverse Video: Instant Reverse Video Playback ဆိုတဲ့ App ကိုအသုံးပြုပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီ App ကသုံးရတာ လွယ်တဲ့အတွက်ကြောင့်ပါ။

ဒီ App ကို Google Playstore ပေါ်ကနေ အခမဲ့ Download လုပ်ပြီး အသုံးပြုလို့ရပါတယ်။

Reverse Video App ကိုဖုန်းထဲကို ထည့်သွင်းပြီးသွားရင်တော့ App ကိုဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမြင်တွေ့ရပါလိမ့်မယ်။

App ရဲ့ အောက်ဘက်မှာရှိနေတဲ့ အဝါရောင်နဲ့ အပေါင်းလက္ခဏာ သင်္ကေတကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ခုလိုမြင်တွေ့ရပါလိမ့်မယ်။

ကင်မရာပုံကိုနှိပ်လိုက်ရင် ကင်မရာပွင့်လာပါလိမ့်မယ်။ ဒါဆိုရင် တော့ Reverse ဗီဒီယိုတစ်ခုကို တစ်ခါတည်းရိုက်ပြီး ဖန်တီးနိုင်ပါ တယ်။

ကင်မရာပုံကိုမနှိပ်ပဲ ဗီဒီယိုကတ်ပုံစံ သင်္ကေတကိုနှိပ်ရင်တော့ ခုလိုမြင်တွေ့ရပါလိမ့်မယ်။

ဒါကတော့ မိမိရဲ့ဖုန်းထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင်တွေကို မြင်တွေ့ နေရတာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်တစ်ခုကို ရွေးချယ်ပေးလိုက်တာနဲ့ Reverse Video ကို တစ်ခါတည်း ပြောင်းပေးမှာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ကို ကြိုက်ပြီဆိုရင်တော့ အပေါ်ထိပ်ဘက်မှာရှိတဲ့ Save သင်္ကေတကိုနှိပ် လိုက်ရင် Reverse ဗီဒီယိုဖိုင်ကို သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။

-ကိုသက်