9/19/2017

♪ Android မှာ အရင်ရခဲ့တဲ့ iPhone X ရဲ့ Features (၆) ခု ♫


Apple က iPhone အသစ်များ မိတ်ဆက်လိုက်တိုင်း နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများက စွမ်းဆောင်ရည်မြင့် Android Phone များနဲ့ iPhone အသစ်ကို နှိုင်းယှဉ်လေ့ရှိကြပါတယ်။ တကယ်တော့ Android နဲ့ iOS မှာ အပြန်အလှန် အားသာချက်၊ အားနည်းချက်များ ရှိကြပါတယ်။ အခုလည်း Android မှာ အရင်ရခဲ့တဲ့ iPhone X ရဲ့ Features များကို ရှာဖွေဖော်ထုတ်လိုက်ကြပါတယ်။ 

၁။ OLED Display

Samsung က လွန်ခဲ့တဲ့ ၉ နှစ်အကြာက ရောင်းချခဲ့တဲ့ Galaxy S1 ကစပြီး OLED အမျိုးအစားတစ်ခု ဖြစ်တဲ့ AMOLED Display များကို အသုံးပြုခဲ့ပါတယ်။ အခြား ဖုန်းများမှာလည်း ဒီမျက်နှာပြင်ကို သုံးနေတာ နှစ်များစွာ ကြာပါပြီ။ Apple ကတော့ iPhone X မှာ OLED ကို စတင် အသုံးပြုခဲ့တာပါ။ OLED Display များဟာ ကြည်လင်ပြတ်သားမှု၊ စွမ်းအင် ချွေတာမှုနဲ့ အရောင် ထုတ်လုပ်မှု အပိုင်းများမှာ အခြား Display များထက် သာလွန်တဲ့အတွက် Apple က ရွေးချယ်ခဲ့တာပါ။ 

၂။ Edge to Edge Display

Edge to Edge Display or Bezelless Display ကို Android စမတ်ဖုန်းများမှာ စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ Sharp က Aquos Crystal စမတ်ဖုန်းမှာ အဲဒီ မျက်နှာပြင်ကို အရင်ဆုံး စတင် တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ Xiaomi Mi Mix ကလည်း အဲဒီ Trend ကို ကျင့်သုံးခဲ့ပါတယ်။ ဒီနှစ်မှာတော့ Samsung Galaxy S8, Note 8 , LG G6 တို့မှာ Edge to Edge Display ကို အသုံးပြုခဲ့ပါတယ်။ အဲဒီအတွက် iPhone X ဟာ ပထမဆုံး မဟုတ်ပါဘူး။

၃။ Wireless Charging

၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ Nexus 4 မှာ ကတည်းက ကြိုးမဲ့အားသွင်းနည်းပညာ ပါလာခဲ့တာပါ။ ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် Android Phones များမှာ ကြိုးမဲ့အားသွင်း စနစ်ဟာ ပုံသေစံနှုန်းအနေဖြင့် ပါဝင်လာပါတယ်။

၎။ Physical Home Button မပါခြင်း။

၂၀၁၁ ခုနှစ်မှာ ကြေညာခဲ့တဲ့ Galaxy Nexus ဟာ Physical Home Button မပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Physical Home Button အစား Home , Back, Multitasking တို့အတွက် Software Buttons များ ထည့်သွင်းပေးခဲ့ပါတယ်။

၅။ Augmented Reality

Sony က သူတို့ရဲ့ ဖုန်းများမှာ AR စွမ်းရည်ကို ထည့်သွင်းပေးခဲ့တာ နှစ်များစွာ ကြာပါပြီ။ ၂၀၁၇ ခုနှစ်ထုတ် Asus ZenFone AR နဲ့ ၂၀၁၆ ခုနှစ်ထုတ် Lenovo Phab 2 Pro တို့မှာ AR နည်းပညာများ ပါရှိကြပါတယ်။ 

၆။ Facial Recognition

Facial Recognition နည်းပညာကို ၂၀၁၁ ခုနှစ်ထုတ် Android Ice-Cream Sandwich မှာ စတင်၍ ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အချိန်တုန်းကတော့ ဒီနည်းပညာကို ဓါတ်ပုံဖြင့် လှည့်စားနိုင်တဲ့အတွက် မလုံခြုံသေးပါဘူး။ ယခင်နှစ်ထုတ် Samsung Galaxy Note 7 မှာ လုံခြုံစိတ်ချရတဲ့ မျက်နှာအာရုံခံနည်းပညာ ပါလာပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com