Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ 
Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ
 ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း 
Huawei က Apple ကို လှောင်ပြောင်တဲ့ ကြော်ညာ ဗီဒီယိုတစ်ခုကို Facebook မှာ 
တင်ထားပါတယ်။ 
ဗီဒီယိုမှာ
 လူပျက်တစ်ယောက်ရဲ့ မျက်နှာကို အာရုံခံတဲ့ စနစ်ဟာ အားနည်းချက် ရှိနေတာကို 
ပြသထားတဲ့အတွက် Apple က iPhone X ရဲ့ Face ID ကို စင်ပေါ်မှာ သရုပ်ပြစဉ်မှာ 
Error ဖြစ်ခဲ့မှုကို  လှောင်ပြောင်ထားခြင်း ဖြစ်နိုင်ပါတယ်။ #TheRealAIPhone
 16.10.2017 ဆိုတဲ့ စာသားကို ဗီဒီယို အဆုံးမှာ ရေးသားထားတဲ့အတွက် Huawei က 
အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ စွမ်းဆောင်ရည်မြင့် Mate 
10 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ 
Apple က စမတ်ဖုန်းလောကမှာ ပထမဆုံးအနေဖြင့် 
ဥာဏ်ရည်တု နည်းပညာပါတဲ့ A11 Bionic Chip ကို iPhone X မှာ 
ထည့်သွင်းပေးခဲ့ပါတယ်။ Huawei ကလည်း ယခင်လမှာ ကျင်းပခဲ့တဲ့ Berlin IFA 
နည်းပညာပြပွဲမှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Kirin 970 SoC ကို 
မိတ်ဆက်ပြသခဲ့ပြီး သာမာန် Processor များထက် အဆ ၂၀ ပိုမိုလျှင်မြန်တယ်လို့ 
ကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် စွမ်းအင် စားသုံးမှုကလည်း အလွန် 
လျော့နည်းလာပါတယ်။ 
Huawei က စွမ်းရည်မြင့် Specifications များပါတဲ့ 
တန်ဖိုးမကြီးတဲ့ စမတ်ဖုန်းဈေးကွက် ကြီးစိုးနေတဲ့ တရုတ်မှာတော့ ၉၉၉ 
ဒေါ်လာတန် iPhone X ကို Mate 10 က ကောင်းစွာ ယှဉ်ပြိုင်နိုင်မယ်လို့ 
ယုံကြည်နေပါတယ်။ 
