စက်တင်ဘာလ
၁၂ ရက်နေ့မှာ Apple က iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အထူးထုတ် iPhone X
ကိုမိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် ဖြစ်သလိုဈေးနှုန်းကလည်းဒေါ်လာ ၁၀၀၀ ၀န်းကျင် ရှိတဲ့အတွက် အလွန် မြင့်မားပါတယ်။ တရုတ် စမတ်ဖုန်းနယ်ပယ်မှ ပညာရှင်များက iPhone X အစိတ်အပိုင်းတစ်ခုချင်းစီရဲ့  ကုန်ကျစရိတ်ကိုတွက်ချက်ကြည့် တဲ့ အခါ မှာiPhone X တစ်လုံးထုတ်လုပ်ဖို့အတွက် စုစုပေါင်း ၄၁၂.၇၅ ဒေါ်လာ သာကျသင့်တာကိုတွေ့ရှိခဲ့ကြပါတယ်။
Samsung က ထုတ်လုပ်ပေးထားတဲ့ iPhone X ရဲ့ ၅.၈ လက်မ AMOLED Display ဟာတန်ဖိုး အကြီးမားဆုံး အစိတ် အပိုင်း
ဖြစ်ပြီး ၈၀ ဒေါ်လာကျသင့်ပါတယ်။ တိုရှီဘာကနေ ၀ယ်ယူထားတဲ့ NAND Memory ဟာ
256GB အတွက် ၄၅ ဒေါ်လာပေးရပါတယ်။ 3GB RAM ရဲ့ တန်ကြေးမှာ ၂၄ ဒေါ်လာ
ဖြစ်ပါတယ်။ 10nm Process ကိုအခြေခံ၍ ထုတ်လုပ်ထားတဲ့ TSMC ရဲ့ A11 Bionic
Chipset ရဲ့ တန်ကြေးက ၂၆ ဒေါ်လာ ဖြစ်ပါတယ်။ Chipset မှာတပ်ဆင်ထားတဲ့
Qualcomm ရဲ့ Modem ဟာ ၁၈ ဒေါ်လာကျသင့်ပါတယ်။
အစိတ်အပိုင်းအားလုံးရဲ့ တန်ဖိုးစုစုပေါင်းဟာ iPhone X ရောင်းဈေးရဲ့ ထက်ဝက်ခန့်သာရှိပါတယ်။ ဒါပေမယ့် တကယ်ထုတ်လုပ်တဲ့ အခါမှာ ကုန်ကျတဲ့ စရိတ်များ၊ သုတေသနအတွက် ကုန်ကျစရိတ်များဟာ ဒီတွက်ချက်မှု များထဲမှာ မပါဝင်သေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Samsung က ထုတ်လုပ်ပေးထားတဲ့ iPhone X ရဲ့ ၅.၈ လက်မ AMOLED Display ဟာတန်ဖိုး အကြီးမားဆုံး အစိတ်
အစိတ်အပိုင်းအားလုံးရဲ့ တန်ဖိုးစုစုပေါင်းဟာ iPhone X ရောင်းဈေးရဲ့ ထက်ဝက်ခန့်သာရှိပါတယ်။ ဒါပေမယ့် တကယ်ထုတ်လုပ်တဲ့ အခါမှာ ကုန်ကျတဲ့ စရိတ်များ၊ သုတေသနအတွက် ကုန်ကျစရိတ်များဟာ ဒီတွက်ချက်မှု များထဲမှာ မပါဝင်သေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/