
MPT မှ ပြန်လည်ဆန်းသစ်ထားသည့် Happy Friday အစီအစဉ် သစ်ကြောင့် သောကြာနေ့တိုင်း မိုဘိုင်းဖုန်းငွေဖြည့်သူများအနေဖြင့် ငွေဖြည့်လက်ဆောင်အစီအစဉ်ကို ခံစားခွင့်ရရှိမှာဖြစ်ကြောင်း သိရသည်။
အပိုလက်ဆောင် အစီအစဉ် အနည်းဆုံးအဖြစ် ငွေတစ်ထောင်ကျပ်ကို ခဲခြစ်ငွေဖြည့်သွင်းလိုက်ရုံဖြင့် ရရှိလာသည့် အပိုလက်ဆောင်ကို အင်တာနက်သာမက MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း စသည်များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့် နောက်ထပ်ငွေဖြည့်သွင်းသည့် ပုံစံတစ်မျိုးဖြစ်သည့်
e-Top Up ဖြင့် ငွေဖြည့်သွင်းပါကလည်း ငွေဖြည့်အပိုလက်ဆောင် ပမာဏ (၅၀)
ကျပ်မှ (၄,၀၀၀) ကျပ် အထိရရှိမည်ဖြစ်သည်။
ယခု Happy Friday ငွေဖြည့် အပိုလက်ဆောင်အစီအစဉ်သစ်ကို MPT ၏ ရှယ်ပြော၊ ဆွေသဟာ နှင့် ရိုးရိုး Base Tariff ရယူထားသည့် ကြိုတင် ငွေပေးချေမှုနည်းလမ်းဖြင့် သုံးစွဲနေသော GSM/ WCDMA မိုဘိုင်းဖုန်း အသုံးပြုနေသူများက အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရရှိလာသည့် ငွေဖြည့်အပိုလက်ဆောင်ပမာဏကို
စစ်ဆေးလိုပါက 1331သို့ BAL ဟုစာတိုပေးပို့ခြင်း (သို့မဟုတ်) *224# သို့
ဖုန်းခေါ်ဆိုခြင်းတို့ဖြင့် ပြုလုပ် နိုင်မည်ဖြစ်ပါသည်။
အပိုလက်ဆောင်၏သက်တမ်းမှာ ငွေဖြည့် လက်ဆောင်ရရှိသည့် သောကြာနေ့နှင့် ကပ်လျက်ရှိသော တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန် 23: 59 :59 နာရီအထိသာ အသုံးပြုခွင့်ပေးထား ကြောင်း သိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အပိုလက်ဆောင် အစီအစဉ် အနည်းဆုံးအဖြစ် ငွေတစ်ထောင်ကျပ်ကို ခဲခြစ်ငွေဖြည့်သွင်းလိုက်ရံ
ယခု Happy Friday ငွေဖြည့် အပိုလက်ဆောင်အစီအစဉ်သစ်ကို MPT ၏ ရှယ်ပြော၊ ဆွေသဟာ နှင့် ရိုးရိုး Base Tariff ရယူထားသည့် ကြိုတင် ငွေပေးချေမှုနည်းလမ်းဖြင့် သုံးစွဲနေသော GSM/
အပိုလက်ဆောင်၏သက်တမ်းမှာ ငွေဖြည့် လက်ဆောင်ရရှိသည့် သောကြာနေ့နှင့် ကပ်လျက်ရှိသော တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန် 23: 59 :59 နာရီအထိသာ အသုံးပြုခွင့်ပေးထား ကြောင်း သိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/