
Xiaomi ဖန်တီးနေတဲ့ Redmi Note 5 ရဲ့ 
Specifications များ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက Redmi Note 5 
အတွက် မော်ဒယ် ၂ မျိုးကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Redmi Note 5 မှာ
 အနောက်ကင်မရာ ၂ လုံးတပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ 
Redmi
 Note 5 မှာ Octa-Core Qualcomm Snapdragon 660 Processor ထည့်သွင်းထားမှာ 
ဖြစ်တဲ့အတွက် တန်ဖိုးနည်း စမတ်ဖုန်းထဲမှာ အလယ်အလတ်ထက် ပိုမို 
စွမ်းရည်မြင့်တဲ့ Processor ကို ပထမဆုံးအနေဖြင့် ထည့်သွင်းပေးခြင်း 
ဖြစ်ပါတယ်။ 
Redmi Note 5 ရဲ့ အနောက်ဘက်မှာ 16 Megapixel 
Primary Camera နဲ့ 5 Megapixel Secondary Camera တပ်ဆင်ထားမယ်လို့ 
သိရပါတယ်။ Redmi Series များထဲမှာ အနောက်ကင်မရာ ၂ လုံးပါတဲ့ ပထမဆုံး 
စမတ်ဖုန်း ဖြစ်လာမှာပါ။ အရှေ့ဘက်မှာ 12 Megapixel Camera ပါလာနိုင်ပါတယ်။ 
3GB RAM or 4GB RAM နဲ့ 32GB or 64GB Internal Storage များ 
ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ၅.၅ လက်မ Full HD Display , Fingerprint 
Scanner , 4000mAh Battery များ ပါမှာပါ။ 
3GB RAM ကို မြန်မာငွေ ၂၀၀ ၀၀၀ နဲ့ 4GB RAM ကို ၂၅၀
 ၀၀၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကိုတော့ 
မသိရသေးပါဘူး။