
Xiaomi က Mi Mix 2 ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ
မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ပေါက်ကြားထွက်ပေါ်လာတဲ့
သတင်းများအရ ရှောင်မီက Mi Mix 2 နဲ့အတူ Mi Notebook Air 2 ကိုလည်း
မိတ်ဆက်မယ်လို့သိရပါတယ်။ အဲဒီပွဲမှာ Mi Note 3 ကို မိတ်ဆက်မယ့်
သတင်းစကားများကို ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူ Lin Bin က တရုတ်လူမှုကွန်ရက်
ဝီဘိုမှာ အရိပ်အမြွက်ကြေညာခဲ့ပြီးပါပြီ။ ဒါပေမယ့် လက်တော့ အသစ်ကို
အဲဒီပွဲမှာ မိတ်ဆက်မလားဆိုတာကို ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။
ပေါက်ကြားထွက်ပေါ်နေတဲ့
သတင်းအရ Mi Notebook Air 2 မှာ ၁၅.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ
ဖြစ်ပြီး Screen Resolution ကိုတော့ မသိရသေးပါဘူး။ လက်တော့ဟာ 4G LTE ကို
ထောက်ပံ့မှာ ဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုဖို့ 4G နဲ့ ၀ိုင်ဖိုင် ၂
ခုစလုံးကို အသုံးပြုနိုင်ပါတယ်။
Xiaomi Mi Notebook Air 2 အတွက် RAM နဲ့ Storage
အပိုင်းမှာ မတူညီတဲ့ ပမာဏများ ပါတဲ့ မော်ဒယ်များစွာကို ထုတ်လုပ်ပေးမှာ
ဖြစ်ပါတယ်။ 20V/2.25A or 20V/3.25A charger ထည့်သွင်းထားနိုင်ပြီး 45W or
60W Power Supply ကို ထောက်ပံ့နိုင်ပါတယ်။ ။ ရှောင်မီက အဲဒီလက်တော့ကို
ဧပြီလလယ်ကတည်းက စတင် ထုတ်လုပ်မယ်လို့ ယခုနှစ် အစောပိုင်းက
သတင်းထွက်ခဲ့ဖူးပါတယ်။