
Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ 
သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခု ဝင်ရောက်လာပြီး 
သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့်
 ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို 
သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ 
ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် 
အမြည်မှာ အန္တရယ်ကြီးတဲံ တိုက်ခိုက်မှုမနှန်း သိခဲ့ရတာဖြစ်ပါတယ်။
CCleaner
 ဟာ အသုံးပြုသူအရေအတွက်ဟာ မိုဘိုင်းမှာရော ကွန်ပြူတာမှာပါ အသုံးပြုများပြီး
 သန်းဂဏန်းကျော်ရှိတဲ့အတွက် အန္တရာယ်အများဆုံး ဝင်ရောက်တိုက်ခိုက်မှုလို့ 
ပြောလို့ရပါတယ်။ အဓိကတော့ တိုက်ခိုက်ဖောက်ထွင်းသူတွေက 
ကုမ္ပဏီကြီးတွေဖြစ်တဲ့ Singtel, Intel, Google, Epson, Akamai, Samsung, 
Sony, VMware, HTC, Linksys, D-Link, Microsoft, and Cisco တို့ကို 
ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။
နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို 
ခိုးယူဖို့ရည်ရွယ်ပြီး ပြန်ရောင်းချခြင်းမျိုး လုပ်မှာဖြစ်ပါတယ်။ဟက်ကာ 
စကားနဲပပြောရရင် နောက်တံခါးတချပ်ပွင့်တာနဲ့ လုံခြုံရေး 
လုံးဝကျိုးပေါက်သွားပြီလို့ ပြောနိုင်အောင် နောက်တံခါးတချပ်ပဲ 
ဖွင့်ဖို့ကျန်ရှိခဲ့တာဖြစ်ပါတယ်။ CCleaner ရဲ့ နောက်ဆုံး version ကသာ 
လုံခြုံမှုရှိမှာ ဖြစ်ပြီး ကျန်တဲ့ version အဟောင်းတွေက စိတ်မချရဘူးလို့ 
Cisco က လတ်တလောမှာ ကြေငြာချက်တွေထုတ်ပြန်ထားတယ်။
လောလောဆယ်တော့ သတင်းအချက်အလက် ခိုးယူခံရတဲ့ သတင်း 
တစုံတရာ မကြားရသေးပါဘူး။Malware ကနေ ဝင်ရောက်တဲ့ code ကို ခြေရာခံတဲ့အခါ 
Group 72 ဒါမှမဟုတ် Axium tools တွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ Novetta လုံခြုံရေးဋ္ဌာနကတော့ Chinese intelligence services က ပါဝင်ပတ်သက်မှုရှိမယ်လို့ သုံးသပ်ထားပါတယ်။