Nokia ဟာ smartphone အသစ်တွေ
ဆက်တိုက်ထွက်ရှိတော့မှာဖြစ်ပြီး ဈေးနှုန်းသက်သာစွာနဲက
ဝယ်ယူနိုင်အောင်ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။မကြာခင် ထွက်ရှိလာမယ့် Nokia
2 ဟာ အနည်းငယ်ထူပြီး Battery လဲ လေးလံကြီးမားပါတယ်။
Nokia
2 ဟာ ပြည်ပပို့ဆောင်မှုမှာ iPhone တို့ Google Pixel တို့ကို ယှဉ်ပြိုင်မှာ
မဟုတ်ပဲ smartphones budget အတွက် Lenovo Moto E4 ကို
ထုတ်ခြင်းဖြစ်တယ်လို့သိရပါတယ်။
Nokia 2 ဟာ 5 inch HD (1280×720 pixels) screen နဲ့
Qualcomm Snapdragon 210/212 processor ဖြစ်မှာဖြစ်ပြီး RAM 1 GB
ဖြစ်ပါတယ်။Andriod 7.1.1 Nougat ကို အခြေခံထားတဲံ software
ဖြစ်ပါတယ်။ဘက်ထရီ က 4000 mAh ဖြစ်ပြီး internal storage 8 GB ဖြစ်ပါတယ်။
Nokia ဟာ လန်ဒန်မှာလုပ်တဲ့ IFA ကုန်စည်ပြပွဲမှာ
Nokia 2 ထွက်ရှိလာမည့်အကြောင်းကြေငြာခဲ့တာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ $ 109
ရှိမှာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံကို Nokia 2 ရောက်လာခဲ့မယ်ဆိုရင်
ဈေးနှုန်းအနေနဲ့ တစ်သိန်းခွဲနီးပါးသာ ရှိမှာဖြစ်ပါတယ်။