
Asus က ZenBook Pro လက်တော့ အသစ်တစ်လုံးကို 
မိတ်ဆက်လိုက်ပါတယ်။ ZenBook Pro UX550 လို့ အမည်ပေးထားပြီး Asus က 
သူထုတ်လုပ်ခဲ့ဖူးသမျှ ZenBook Pro များထဲမှာ အမြန်ဆုံး၊ အပါးလွှာဆုံးနဲ့ 
အပေါ့ပါးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ 
သူ့မှာ
 သတ္တမမျိုးဆက် Intel Core i7 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် 
Intel က အဌမမျိုးဆက် Processors ကို ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။ 
သူ့မှာ စွမ်းရည်မြင့်မားတဲ့ Nvidia GTX 1050 Ti GPU ထည့်သွင်းထားပါတယ်။ 
၁၅.၆ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 
512GB PCle SSD, 16GB RAM တပ်ဆင်ထားပါတယ်။ 
Thunderbolt 3 USB-C Port ၂ ခု၊ USB 3.1 Type-A Port ၂ ခု 
ထည့်သွင်းထားပါတယ်။ Windows Hello ကို ထောက်ပံ့တဲ့ လက်ဗွေရာ အာရုံခံ စနစ် 
ပါပါတယ်။ ထူးခြားတာက လက်တော့များမှာ မတွေ့ရတဲ့ လျှင်မြန်စွာ 
အားသွင်းနိုင်တဲ့ နည်းပညာ ပါရှိခြင်း ဖြစ်ပါတယ်။ ၄၉ မိနစ်အားသွင်းရင် ၆၀ 
ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ Asus က ပြောပါတယ်။ 
ZenBook Pro UX550 ဟာ အဖက်ဖက်က ကောင်းမွန်တဲ့ 
လက်တော့ ဖြစ်သလို ဈေးနှုန်းကလည်း မသေးပါဘူး။ ၁၆၉၉ ဒေါ်လာ သတ်မှတ်ထားပြီး 
မြန်မာငွေအားဖြင့် ၂၃ သိန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။ 
Credit to ==>> DigitalTimes.com.mm