Sony က IFA 2017 နည်းပညာပြပွဲမှာ ကင်မရာ စွမ်းရည် ကောင်းမွန်တဲ့ Xperia XZ1 Compact ကို မိတ်ဆက်လိုက်ပါတယ်။
သူ့မှာ မြင်ကွင်းကျယ် ဓါတ်ပုံများ ရိုက်ကူးနိုင်တဲ့ Selfie Camera တပ်ဆင်ထားပါတယ်။ ယခုနှစ် အစောပိုင်းထုတ် XZ Premium မှာ မိတ်ဆက်ခဲ့တဲ့ Sony MotionEye Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာက 4K Video နဲ့ Slow Motion Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Sony ရဲ့ SteadyShot Electronic Stabilization နည်းပညာက တည်ငြိမ်တဲ့ ဗီဒီယိုများကို ဖန်တီးပေးပါတယ်။
Xperia XZ1 Compact မှာ Snapdragon 835 SoC, 4GB RAM, Adreno 540 GPU များ တပ်ဆင်ထားပါတယ်။ ၄.၆ လက်မ Triluminous HD Display ပါပြီး Dynamic Contrast Enhancement နည်းပညာပါပါတယ်။ HDR ကိုတော့ မထောက်ပံ့ပါဘူး။ 13MP Rear Camera , 18MP Selfie Camera များ တပ်ဆင်ထားပါတယ်။ 32GB Storage ထည့်သွင်းထားတဲ့ အပြင် 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Single-SIM Model သာ ထုတ်လုပ်ပေးထားပါတယ်။
Android 8.0 Oreo ထည့်သွင်းထားပြီး အနက်၊ ငွေ၊ အပြာနဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ ၅၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလမှာ ရောင်းချမှာပါ။ မြန်မာငွေ အားဖြင့် ၈ သိန်းဝန်းကျင် တန်ကြေးရှိပါတယ်။