9/05/2017

♪ Sony က စွမ်းဆောင်ရည်သင့် Xperia XA1 Plus ကို မိတ်ဆက် ♫


Sony က IFA 2017 နည်းပညာပြပွဲမှာ စွမ်းဆောင်ရည်သင့် Xperia XA1 Plus ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ MediaTek Quad-Core MT6757 Helio P20 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

Sony Xperia XA1 Plus ရဲ့ အနောက်ဘက်မှာ Hybrid Autofocus ပါတဲ့ 23MP Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Selfie Camera ပါပါတယ်။ NFC, Bluetooth 4.2, USB Type-C Port, VoLTE, 4G LTE ဆက်သွယ်မှုများ ထည့်ပေးထားပါတယ်။ 32GB Internal Storage ထည့်သွင်းထားတဲ့ အပြင် 256GB ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

နိုင်ငံအပေါ်မူတည်၍ မော်ဒယ်များစွာ ထုတ်လုပ်ပေးထားပါတယ်။ နိုင်ငံအများစုမှာ 4GB RAM Model နဲ့ တောင်အမေရိကနဲ့ အမေရိကန်မှာ 3GB RAM Model ကို ရောင်းချပေးမှာပါ။ အမေရိကန်မှာ ရောင်းချမယ့် မော်ဒယ်မှာ ဘေးဘက်မှာ တပ်ဆင်ထားတဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါမှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ Android Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။

Sony Stamina Mode ,Qnovo Adaptive နဲ့ Pump Express+ 2.0 စတဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာများ ပါပါတယ်။ အနက်၊ အပြာ၊ ရွှေနဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပြီး ဆောင်းရာသီမှာ ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။ ရပါတယ်။ ဒေါ်လာ ၃၇၉.၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်းဝန်းကျင် ကျသင့်မှာပါ။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com