9/05/2017

♪ Lenovo က လက်တော့၊ တက်ဘလက် ၂ မျိုးသုံး Yoga 920 နဲ့ Yoga 720 ကို ပြသ ♫


ယခုနှစ် IFA နည်းပညာပြပွဲမှာ လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ပီစီများကို ကုမ္ပဏီများက အပြိုင်အဆိုင် ပြသနေကြပါတယ်။ Lenovo ကလည်း 2-in-1 Laptop များကို မိတ်ဆက်လိုက်ပါတယ်။ Yoga 920 နဲ့ Yoga 720 တို့ဖြစ်ပြီး သူတို့ကတော့ iPad Pro, Microsoft Surface များမှာလို ကီးဘုတ်ကို ဖြုတ်နိုင်ခြင်း မရှိဘဲ ၃၆၀ ဒီဂရီ ခေါက်ချိုး၍ တက်ဘလက်လို အသုံးပြုနိုင်မှာပါ။

Lenovo Yoga 920 မှာ ဘေးဘောင်မဲ့ ၁၃.၉ လက်မ 4K Touchscreen , Lenovo Active Pen 2 , Windows 10 Home များ ပါပါတယ်။ Full HD Display Model ကိုလည်း ရွေးနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၁၀.၈ နာရီကနေ ၁၅.၅ နာရီ ဖြစ်ပါတယ်။ 8th Generation Intel Core i7 Processor အထိ ရွေးချယ်နိုင်ပါတယ်။ 8GB ကနေ 16GB RAM အတွင်းနဲ့ 256GB ကနေ 1TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၃၂၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၁၈ သိန်းနီးပါး ကျသင့်မှာပါ။

Lenovo Yoga 720 မှာ ၁၂.၅ လက်မ Full HD Touchscreen , Lenovo Active Pen များ ပါပါတယ်။ 7th Generation Intel Core Chips ကနေ i7 အထိ၊ 4GB ကနေ 12GB RAM အထိ၊ 128GB ကနေ 512GB SSD အထိ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၈ နာရီ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆၄၉ သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၈၇၀ ၀၀၀ ၀န်းကျင်ကျသင့်မှာပါ။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com