7/19/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: one or more people, phone and text

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက C8813 ပါ။ ကျွန်တော့်ဖုန်းက အရင်က 3G Internet သုံးလို့ရတယ်။ အခုဖုန်းခေါ်လို့ရပြီး 3G Internet သုံးမရဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ။ အကြံပေးပါဦးအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Internet Setting ကို တစ်ချက်စစ်ကြည့်ပါ။ မှန်နေရင် တခြားသုံးနေကြ CDMA ကတ်နဲ့ ဖုန်းထဲထည့်ပြီးစမ်းကြည့်ပါ။ မရရင် Factory Reset ချကြည့်ပါ။ အဲ့ဒီလိုလုပ်ကြည့်လို့မှမရရင် Hardware လမ်းကြောင်းနဲ့ စစ်ကြည့်ရမှာဖြစ်တဲ့အတွက် နီးစပ်ရာ Service ဆိုင်ကို ပို့လိုက်ပါအစ်ကို။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်း Samsung Grand လေးက Power ဖွင့်ပြီး Lockscreen လေးတစ်ချက်ပဲ ဆွဲဖွင့်လို့ရတယ်။ ပြီးရင် Touch က ဆွဲလို့မရတော့ဘူးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ အဲ့တာက အစ်ကို့ဖုန်းကို အရင် Reset ချကြည့်လိုက်ပါ။ အဲ့တာမှမရရင် Software ပြန်ရေးကြည့်သင့်ပါတယ်။ တစ်ခါတရံ အဲ့လို Error လေးတွေက Software ကြောင့်ဖြစ်တတ်လို့ပါ။ နောက်ဆုံးမရရင်တော့ Touch အသစ်လဲရပါမယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Power ဖွင့်ပြီးသုံးရင် သုံးလို့ရတယ်။ Lock Screen က ချလိုက်ရင် (သို့) Screen Auto ပိတ်ပြီးသွားရင် Power ပြန်ဖွင့်မလာတော့ဘူး။ Battery ဖြုတ်ပြီး ပြန်ထည့်သုံးရင်ရတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Wi-Fi IC လဲပေးရမှာပါ။

မေး - Samsung G360-HU ပါ။ Firmware ပြန်ရေးချင်လို့။ Download ဆွဲရန် Link လေး သိချင်လို့ပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ Samsung Firmware တွေ ဒေါင်းလို့ရမယ့် Website လိပ်စာတွေကတော့ www.update.com/samsung,www.samsung firmware.org, www.samsung.updates.com, www. samsung.com စသည့် Website Link တွေမှာဝင်ပြီး Download ဆွဲလို့ရနိုင်ပါတယ်ခင်ဗျာ။

မေး - Samsung E7 Software Update လုပ်လိုက်တာ မြန်မာစာ မမှန်တော့ပါ။ ကျေးဇူးပြု၍ ဖြေကြားပေးပါအစ်ကို။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ အစ်ကို့ဖုန်းထဲကို Zawgyionettf.apk (2015 Aung Thura) Font Application ကို အရင် Install လုပ်လိုက်ပါ။ ပြီးလျှင် Setting ထဲက Display ထဲဝင် Font Style ထဲထပ်ဝင်ပြီး Zawgyi One HF ကိုရွေးပေးပြီး OK နှိပ်လိုက်ရင် ရပါတယ်အစ်ကို။ အဲ့ဒီနည်းနဲ့မရရင်တော့ Root ဖောက်ပြီးထည့်မှ ရပါလိမ့်မယ်ခင်ဗျာ။

မေး - iPhone 7+ Call Recording App လေးသိချင်လို့ပါ။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ iPhone 7+ အတွက် Call Recording App က Free App မရှိပါဘူးခင်ဗျာ။ ပိုက်ဆံပေးဝယ်မှ ရမယ့် App ပဲ ရှိပါတယ်ခင်ဗျာ။ တကယ်လို့ အစ်ကိုက မဖြစ်မနေ သုံးချင်တယ်ဆိုရင်တော့ iTune Gift Card နဲ့ငွေဖြည့်ပြီး Pay App ၀ယ်သုံးလို့ ရနိုင်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းခေါ်ပြီးရင် မီးမှိတ်သွားတယ်။ ဖုန်းလည်းပြန်ချလို့မရဘူး။ တစ်ဖက်က ချမှရတယ်။ ဘယ်လိုကြောင့်လဲ။ ကူညီပေးပါဦး။
ဖြေ - ဒါဆိုရင်တော့ ညီလေးရဲ့ဖုန်းမှာ ကပ်ထားတဲ့မှန်ကပ်ကို တစ်ချက်လောက်ပြန်ကြည့်ပါဦး။ Sensor အပေါက်လေးမှာ ပိတ်နေသလားလို့။ Sensor အပေါက်မှာ ပိတ်နေတယ်ဆိုရင်လည်း ဒီ Error ဖြစ်တတ်ပါတယ်။ ဒီလိုပါမဟုတ်ဘူးဆိုရင်တော့ Circuit Board ပေါ်မှာရှိတဲ့ Sensor ပိုင်းကို စစ်ရမှာပါ။ နီးစပ်ရာ Service ဆိုင်ကို ပြကြည့်လိုက်ပါနော်။

မေး - ညီရေ အစ်ကို့ဖုန်းက ကျန်တာအကုန်သုံးရတယ်။ Wi-Fi သုံးလို့မရဘူး။ Zapya လည်း ကူးလို့မရဘူး။ ဘာဖြစ်တာလဲ။
ဖြေ - ဟုတ်ကဲ့။ အရင်ဆုံး Firmware ပြန်တင်ကြည့်ပါ။ Firmware ရေးကြည့်လို့မှ မရရင်တော့ Hardware က Wi-Fi IC ကို လဲပေးရမှာဖြစ်တဲ့အတွက် ဖုန်း Service ဆိုင်မှာ သွားပြမယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်။

မေး - အစ်ကိုတို့ရေ အစ်ကိုတို့ဖုန်းမှာ Vol Key ခလုတ်တွေ သိပ်ပြီးအလုပ်မလုပ်ဘူးဆိုရင် အစ်ကိုတို့ ဘယ်လိုလုပ်သလဲ။
ဖြေ - အစ်ကိုတို့ရေ အစ်ကိုတို့ဖုန်းမှာ Vol Key ခလုတ်တွေ ကပ်နေတာပဲဖြစ်ဖြစ်၊ သိပ်ပြီး နှိပ်လို့အဆင်မပြေတာပဲဖြစ်ဖြစ် လတ်တလော အဆင်ပြေအောင်လုပ်လို့ရတဲ့ APK လေးတစ်ခု ရှိပါတယ်။ APK နာမည်က Volume Chop CUT APK လေးဖြစ်ပါတယ်။ အားလုံးအဆင်ပြေပါတယ်။ အင်တာနက်က Download ဆွဲလိုက်ပါ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com