9/07/2017

♪ Selfie ဆွဲရုံဖြင့် ပန်ကရိယ ကင်ဆာကို စစ်ဆေးပေးမယ့် Mobile App ♫


Machine Learning နည်းပညာဟာ ကင်ဆာရောဂါများကို စစ်ဆေးပေးနိုင်လာပါပြီ။ အခုလည်း ၀ါရှင်တန် တက္ကသိုလ်မှ ပညာရှင်များက Selfie ရိုက်လိုက်တာနဲ့ ပန်ကရိယ ကင်ဆာကို စစ်ဆေးပေးမယ့် Mobile App ကို တီထွင်လိုက်ပါတယ်။

သူ့ရဲ့ နည်းပညာက ထူးဆန်းပြီး မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တကယ် အလုပ်ဖြစ်ပါတယ်။ ပန်ကရိယ ကင်ဆာဟာ အဆိုးဝါးဆုံး ကင်ဆာရောဂါများထဲမှာ ပါဝင်ပြီး ဝေဒနာရှင် ၉ ရာခိုင်နှုန်းသာ ၅ နှစ်လောက် အသက်ရှင်နှုန်း ရှိပါတယ်။ ယခင် Apple ရဲ့ စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ Steve Jobs ဟာလည်း အဲဒီ ရောဂါကြောင့် အသက်သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ ပန်ကရိယ ကင်ဆာဟာ ရောဂါ လက္ခဏာများ ပြသခြင်း မရှိတဲ့အတွက် အချိန်လွန်မှ ရောဂါ ဖြစ်နေမှန်း သိရပါတယ်။



BiliScreen အမည်ရ စမတ်ဖုန်း App ဟာ လူသားများမှ Jaundice ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ Jaundice ဟာ အသားအရေနဲ့ မျက်လုံး အ၀ါရောင်သန်းခြင်း ဖြစ်ပါတယ်။ Jaundice ဖြစ်ခြင်းဟာ အခြား ရောဂါ လက္ခဏာများနဲ့ ပတ်သက်နေပေမယ့် ပန်ကရိယ ကင်ဆာရဲ့ ရောဂါ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

App က Computer Vision နဲ့ Machine Learning နည်းပညာများကို အသုံးပြု၍ လူ့မျက်လုံးအတွင်းမှ Jaundice ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ App ဖြင့် လူပေါင်း ၇၀ ကို စမ်းသပ်တဲ့ အခါမှာ မှတ်ကန်တိကျမှုဟာ ၈၉.၇ ရာခိုင်နှုန်း ရှိတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အနာဂတ်မှာတော့ ပန်ကရိယာ ကင်ဆာရောဂါကို ကြိုတင်သိရှိပြီး အသက်ဘေးကနေ လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com