9/07/2017

♪ ZTE က တန်ဖိုးနည်း သတ္တုကိုယ်ထည်ဖုန်း Blade A2S ကို ကြေညာ ♫


ZTE က ၂၀၁၆ ခုနှစ် နှစ်လယ်မှာ ၁၀၅ ဒေါ်လာသာ ရှိတဲ့ တန်ဖိုးနည်း စမတ်ဖုန်ုးတစ်လုံးကို ရောင်းချပေးခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက် ZTE Blade A2S ကို မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းကတော့ တူညီပြီး တရုတ်မှာ JD.com ကနေ ယွမ် ၇၀၀ ဖြင့် ရောင်းချပေးနေပါတယ်။ ယခင်မျိုးဆက်ရဲ့ ၅ လက်မ HD Display ထက် ပိုမို ကောင်းတဲ့ ၅.၂ လက်မ Full HD Display ကို မော်ဒယ် အသစ်မှာ တပ်ဆင်ထားပါတယ်။

ယခင်မျိုးဆက်ရဲ့ 2GB RAM/16GB Internal Storage ထက် ပိုမို များပြားတဲ့ 3GB RAM/32GB Internal Storage ကို မော်ဒယ် အသစ်မှာ ထည့်သွင်းပေးထားပါတယ်။ Storage ကို မြှင့်တင်ဖို့ microSD Card စိုက်ရင်တော့ SIM Card တစ်ခုသာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ZTE Blade A2S ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ 2540mAh Battery ပါပါတယ်။ အနောက်ဘက်မှာ Full HD Video များ ရိုက်ကူးနိုင်တဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။

သူ့မှာ 1.3GHz Octa-Core Processor ပါတဲ့ MediaTek MT6753 Chipset ထည့်သွင်းထားပါတယ်။ JD.com ကနေ ကြိုတင်မှာယူထားနိုင်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com