9/07/2017

♪ iPhone ကို ယှဉ်ပြိုင်မယ့် Huawei Mate 10 မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip ပါမည် ♫


Apple က iPhone အသစ်များကို ယခုလ ၁၂ ရက်နေ့မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Huawei ကလည်း Mate 10 ကို ယခုလနှောင်းပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။ အခုတော့ ကမ္ဘာ့ တတိယ စမတ်ဖုန်း ရောင်းအား အကောင်းဆုံး Huawei က ဥာဏ်ရည်တု နည်းပညာပါတဲ့ ပထမဆုံး Kirin 970 Chipset ကို ကြေညာလိုက်ပါတယ်။ အဲဒီ Chipset ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာမယ့် Huawei Mate 10 မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အဲဒီအတွက် စမတ်ဖုန်းများမှာ ဥာဏ်ရည်တု နည်းပညာအတွက် Cloud ကို မှီခိုစရာ မလိုတော့ဘဲ ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Berlin မှာ ကျင်းပတဲ့ IFA ပွဲမှာ Huawei ရဲ့ စားသုံးသူ ထုတ်ကုန်ဌာနမှ အကြီးအကဲ ဖြစ်သူ Richard Yu က “ Samsung , Apple တို့နဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့မှာ အားသာချက်များ ရှိပါတယ်။ ပိုမိုလျှင်မြန်တဲ့ စွမ်းဆောင်ရည်၊ ပိုမို ကြာရှည်တဲ့ ဘက်ထရီ သက်တမ်းနဲ့ ပိုမို ကျစ်လစ်တဲ့ ဒီဇိုင်းတို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Yu က ဇူလိုင်လတုန်းကလည်း Mate 10 ဟာ Apple နောက်ထုတ်မယ့် iPhone ထက် အားသွင်းခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းများမှာ ပိုမို သာလွန်မယ်လို့ပြောခဲ့ဖူးပါတယ်။ Huawei က Kirin 970 Chipset ဟာ ဘက်ထရီ သက်တမ်းကို ၅၀ ရာခိုင်နှုန်း ပိုမို ကြာရှည်စေတယ်လို့ ပြောပါတယ်။




Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com