
OPPO က မြန်နှုန်းမြင့်စွမ်းဆောင်ချက်မျိုးဖြင့် အသုံးပြုနိုင်စေ မည့် A71 စမတ်ဖုန်းသစ်ကို မိတ်ဆက် ရောင်းချပေးသွားမည်
ပါးလွှာသေးသွယ်သော Uni-body ဒီဇိုင်းနှင့် စွမ်းဆောင်ရည်မြင့် entry-level စမတ်ဖုန်း
Android 7.1 ပေါ်တွင်အခြေခံထားသည့် Color OS 3.1 စနစ်က လုံခြုံပြီး သက်သောင့်သက်သာရှိစေ မည့်ထိတွေ့သုံးစွဲမှုကို ပေးစွမ်းနိုင်
ရန်ကုန်၊
စက်တင်ဘာလ (၁၁)ရက် ။ ။ ကင်မရာဖုန်းအမှတ်တံဆိပ်ဖြစ်သည့် OPPO က
တန်းဖိုးသင့်ဈေးနှုန်း၊ စွမ်းဆောင်ရည်မြင့် Octa-core CPU၊ 3GB RAM နှင့်
3000mAh battery တို့ပါဝင်သည့် A71 စမတ်ဖုန်း သစ်ကို မြန်မာ
ပြည်ဈေးကွက်အတွက် လာမည့်စက်တင်ဘာလ ၂ဝရက်မှစတင်ကာ တစ်နိုင်ငံလုံးတွင်
မိတ်ဆက်ရောင်း ချပေးသွားမည်ဖြစ်သည်။ OPPO A71 မှာ Octa-core processor၊
ပိုမိုချောမွေ့ပြေပြစ်သည့်ထိတွေသုံး စွဲမှုစနစ်တို့ ပံ့ပိုးပေးထားသည့်
စက်အတွင်းပိုင်းဆိုင်ရာလုပ်ဆောင်မှုများတွင် တီထွင်ဆန်းသစ်မှုများရယူထားသလို
ရှေ့ကင်မရာ ပိုင်းအတွက် Beautify 4.0 ပါဝင်သည့် OPPO ၏
ပင်မဓာတ်ပုံဆိုင်ရာနည်းပညာနှင့် အဆင့်မြှင့်တင်ထားသော
နောက်ကင်မရာတို့ကိုပါ ထည့်သွင်းတပ်ဆင်ပေးထားသည်။ ထို့အပြင် OPPO A71 ၏
ပါးလွှာသေးသွယ်သည့် သတ္တုစပ် uni-body ကိုယ်ထည်မှာ အမြင်အာရုံတွင် ပေါ်လွင်
ထင်ရှားမှုရှိစေမည်ဖြစ်သည်။ OPPO A71 ၏ဈေးနှုန်းမှာ ၂၄၉,ဝဝဝ ကျပ်ဖြစ်ပြီး
ရွှေရောင်နှင့် အနက်ရောင်၂မျိုးကို ရွေး ချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
OPPO A71 တွင် HD အရည်အသွေးရှိ ၅.၂
လက်မမျက်နှာပြင်ကိုအသုံးပြုထားပြီး ဂိမ်းကစားခြင်း၊ video ကြည့်ရှုခြင်း
များကို မြင်ကွင်းကျယ်ကျယ်ဖြင့် အသုံးပြုနိုင်စေမည်ဖြစ်သည်။ ပါးလွှာသော
သတ္တုစပ် uni-body ကိုယ်ထည် ဒီဇိုင်းမှာလည်း
လက်ထဲတွင်ကိုင်ဆောင်အသုံးပြုရာတွင် သက်သောင့်သက်သာရှိစေမည်ဖြစ်သည်။
အဆင့်မြှင့်တင်ပေး ထားသည့် 64-bit Octa-core CPU မှာ app
တစ်ခုနှင့်တစ်ခုအကြား ပြောင်းလဲအသုံးပြုခြင်းနှင့် multitasking
စနစ်တို့ကို ပိုမိုချောမွေ့မြန်ဆန်စွာအသုံးပြုနိုင်စေရန်
ထောက်ပံ့ပေးထားသည်။ 4G စနစ်သုံး SIM ကဒ်၂ ကဒ်ကို
တစ်ပြိုင်တည်းထည့်သွင်းအသုံး ပြုနိုင်စေသည့်အပြင် built-in storage 16GB
ကိုလည်း 256GB အထိထပ်တိုးအ သုံးပြုနိုင်စေမည်ဖြစ်သည်။
OPPO A71 တွင် Version သစ် Color OS 3.1
ကိုအသုံးပြုပေးထားပြီး ဖုန်းထိတွေ့သုံးစွဲမှုစနစ်ကို အသစ်တစ်ဖန်အဆင့်
မြှင့်တင်ပေးထားသည့်အတွက် ပိုမိုမြန်ဆန်ကာ ပိုမိုလုံခြုံမှုရှိစေမည်ဖြစ် သည်။
ငွေပေးချေမှုဆိုင်ရာအခြေအနေများတွင် Color OS 3.1 က
လုံခြုံမှုအပြည့်အဝရှိစေမည့် လက်ကွက် keyboard စနစ်ကို
အသုံးပြုထောက်ပံ့ပေးထားမည် ဖြစ်သည်။ ထို့အပြင် မျက်နှာပြင်ကို၂ခုခွဲ၍
အ့သုံးပြုနိုင်စေမည့် split-screen စနစ်၊ မျက်စိကိုကာကွယ်ပေးမည့် eye
protection display စနစ် အစရှိသည့် လုပ်ဆောင်ချက်များကိုလည်း OPPO A71
တွင်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။