9/13/2017

♪ “ပြန်အမ်းငွေ အာမခံချက်များပါဝင်လာသည့် MPT၏ Fixed Line ၀န်ဆောင်မှု” ♫

http://mpt.com.mm/wp-content/uploads/2016/09/MPT-Self-Service_Banner-1200x880.jpg

MPT ၏ စီးပွားရေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုနေကြသော လုပ်ငန်းရှင်သုံးစွဲသူ (B2B customers) များအနေနှင့် Fiber Internet, Leased Line and International Private Leased Circuit အစရှိသော ၀န်ဆောင်မှုများအတွက် ပြန်အမ်းငွေအာမခံချက်များ ထည့်သွင်းပေးလာ ကြောင်း သိရသည်။

လက်ရှိသုံးစွဲနေသူများအပြင် စတင်သုံးစွဲမည့်သူများအနေဖြင့် MPT ၏ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် မှတ်ပုံတင် ပေးသွင်းပြီးသွားပါက ပရီမီယံလုပ်ငန်းအသုံးပြုသူများ စာရင်းတွင် အလို အလျောက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

လိုင်းနှေးခြင်း၊ ကွန်ရက်ကျဆင်းခြင်း၊ ပြတ်တောက် ခြင်း ဖြစ်စဉ်များ၏ သဘောသဘာဝနှင့် ကြာချိန်အပေါ် မူတည်ပြီး ပြန်အမ်းငွေ အာမခံသော SLA ၀န်ဆောင်မှုရရှိ မည့် အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပါသည်။



ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com