9/09/2017

♪ OK$ အား မိုဘိုင်းငွေကြေးဝန်ဆောင်မှုဆောင်ရွက်ရန် မှတ်ပုံတင်လက်မှတ်ထုတ်ပေး ♫


မြန်မာနိုင်ငံတော် ဗဟိုဘဏ်က OK$ ကို မိုဘိုင်းငွေကြေး ဝန်ဆောင်မှုဆောင်ရွက်ဖို့ မှတ်ပုံတင် လက်မှတ်ထုတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


၃၁.၈.၂၀၁၇. ရက်နေ့မှာ အဲဒီ မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး အလုံးစုံပါဝင်မှု ( Financial Inclusion) လုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုကို ကျယ်ပြန့်စွာ ရရှိစေဖို့ အင်တာနက်ဝေါလတ်(ထ်) မြန်မာလီမီတက် (Brand Name- OK$) ကို ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။


အဲဒီကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ဖို့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က တတိယမြောက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။


Digital Money Myanmar Ltd (Wave Money) ကို ၂၈.၉.၂၀၁၆. ရက်မှာ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ပေးအပ်ခဲ့ပြီး Ooredoo Myanmar Fintech Limited (M-Pitesan) ကို ၂၆-၇-၂၀၁၇ ရက်မှာ အသီးသီးထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။


-ထွန်းထွန်း
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com