9/09/2017

♪ အင်တာနက်ဝန်ဆောင်မှုကို အာမခံချက်သဘောတူစာချုပ်ဖြင့် အသုံးပြုနိုင်မည့်ပုံစံ MPT ပြုလုပ် ♫


စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို အာမခံချက်ပါတဲ့ သဘောတူစာချုပ်နဲ့ အသုံးပြုနိုင်မယ့်စနစ် ကို MPT ကဆောင်ရွက်လိုက်ပါတယ်။

B2B Customers တွေအနေနဲ့ Fiber Internet, Leased Line and International Private Leased Circuit စတဲ့ ဝန်ဆောင်မှုတွေကို အာမခံချက်တွေ ပါဝင်တဲ့ ဝန်ဆောင်မှု သဘောတူစာချုပ် (SLA) စံနှုန်းအသစ်နဲ့ ရန်ကုန်မှာ စတင်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း၊ ဝန်ဆောင်မှုအတွက် ၉၉ ရာခိုင်နှုန်း ရရှိနိုင်ခြင်းနဲ့ ပြန်အမ်းငွေ အစီအစဉ် အာမခံချက်တွေ ပါဝင်တယ် လို့ဆိုပါတယ်။ လက်ရှိသုံးစွဲနေသူတွေအပြင် စတင်သုံးစွဲမယ့် သူတွေအနေနဲ့ MPT ရဲ့ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို အသုံးပြုခြင်းအတွက် မှတ်ပုံတင် ပေးသွင်းပြီးသွားရင် အလိုအလျောက် ပရီမီယံလုပ်ငန်း အသုံးပြုသူများစာရင်းမှာ ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။



လိုင်းနှေးခြင်း၊ ကွန်ရက်ကျဆင်းခြင်း ၊ ပြတ်တောက်ခြင်း ဖြစ်စဉ်တွေရဲ့ သဘောသဘာဝနဲ့ ကြာချိန်အပေါ် မူတည်ပြီး ပြန်အမ်းငွေ အာမခံမယ်လို့ MPT က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ Fixed Line ဝန်ဆောင်မှုတွေ၊ သဘောတူစာချုပ် စံနှုန်းအသစ် ဝန်ဆောင်မှုတွေနဲ့ ပြန်အမ်းငွေ အာမခံအစီအစဉ် အကြောင်းတွေကို b2b@mptjo.com.mm ကို မေးမြန်းနိုင်တယ်လို့ သိရပါတယ်။



-ထွန်းထွန်း
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com