9/09/2017

♪ ကင်မရာသုံးခုပါဝင်တဲ့ Galaxy C8 ကို Samsung မိတ်ဆက် ♫


Samsung ဟာ တရုတ်ဈေးကွက်အတွက် Galaxy C8 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ Dual Photo mode နဲ့သုံးနိုင်မယ့် ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပါတယ်။ Dual Photo ဟာ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးပြီးနောက် focus ကို ချိန်ညှိစေနိုင်မယ့် feature ဖြစ်ပါတယ်။

Galaxy C8 မှာ စုစုပေါင်း ကင်မရာ ၃ ခုပါဝင်ပါတယ်။ ကျောဘက်မှာ 13MP f/1.7 + 5MP f/1.9 ပါဝင်ပြီး အရှေ့ဘက်မှာတော့ 16MP f/1.9 နဲ့ သီးခြား LED flash တို့ပါဝင်ပါတယ်။



Display က ၅.၅ လက်မ Super AMOLED ဖြစ်ပြီး 1920 x 1080px resolution နဲ့ သုံးနိုင်ပါတယ်။ 32GB ဒါမှမဟုတ် 64GB နဲ့ရရှိနိုင်ကာ 32GB မှာ 3GB RAM ပါဝင်ပြီး 64GB မှာတော့ 4GB RAM ပါဝင်ပါတယ်။

 

ဘက်ထရီက 3,000mAh ဖြစ်ပြီး Fingerprint scanner နဲ့ Facial recognition နှစ်ခုစလုံးပါဝင်ပါတယ်။ ဒါ့အပြင် Samsung ရဲ့ Always-on Display လည်း ပါဝင်ပါတယ်။

Galaxy C8 ကို Black, Gold, Rose Gold ဆိုပြီး အရောင်သုံးမျိုးနဲ့ရရှိနိုင်ပါတယ်။ တန်ဖိုးနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။
 
 
 
-နောင်နောင်
Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com