9/10/2017

♪ မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးရင် ရုပ်ထွက်ကောင်းကောင်းရဖို့ သတိထားရမယ့် အချက်များ ♫


မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ အချို့ရုပ်ထွက်ကောင်းတွေမရဘဲ သူများရုပ်ထွက်တွေက ပိုပြီးဘာလို့လန်းနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူသုံးတဲ့ မိုဘိုင်းဖုန်းလည်း အတူတူနဲ့ အခြားသူရိုက်ကူးတဲ့ ရုပ်ကပ်တွေက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ အချို့မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်ကသတိမထားဘဲ လုပ်လိုက်မိလို့ သူများက ကိုယ့်ထက်အနည်းလေး ဓာတ်ပုံပညာသိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံအယူအဆတွေကို ထည့်သွင်းစဉ်းစားပြီး ရိုက်ကူးကြလို့ပဲ ဖြစ်ပါတယ်။



ဒါကြောင့် ဗီဒီယိုရိုက်ကူးတဲ့အခါမှာ ရုပ်ကပ်တွေ ပိုကောင်းစေဖို့ သိထားရမယ့် အခြေခံအကြောင်းအချက် အချို့ကို ဝေမျှဖို့ လိုပါတယ်။

စိတ်ဝင်စားစရာ ပုံရိပ်မဖမ်းယူမိခြင်း


ဒီအချက်က အရမ်းကို အရေးကြီးစေပါတယ်။ ကိုယ့်ရဲ့ မျက်စိရှေ့မှာ အရမ်းကိုလှပတဲ့ ရှုခင်းတစ်ခုကိုဖြစ်စေ၊ အရမ်းကိုလှပတဲ့ မြို့တွင်းနေရာ၊ ထူးခြားတဲ့ ဖြစ်စဉ် စတာတွေကိုaတွ့ပြီး ဗီဒီယိုရိုက်ကူးတဲ့ အချိန်မှာကိုယ်က အရမ်းကောင်းတယ်ထင်ပြီး သူများကိုပြတဲ့အခါ သိပ်စိတ်ဝင်စားပုံ မပြတာကို ကြုံရမှာပါ။ ကိုယ့်ဓာတ်ပုံမှာ လိုအပ်ချက်တစ်ခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါက Main Subject လို့ခေါ်တဲ့ နောက်တစ်မျိုးက Point Of Interest ဓာတ်ပုံတစ်ပုံရဲ့ အဓိကစိတ်ဝင်စားစရာကောင်းတဲ့ လူသော်လည်းကောင်း ပစ္စည်းအရာဝတ္ထုသော်လည်းကောင်း ထည့်သွင်းရိုက်ကူးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်သူအနေနဲ့ ဓာတ်ပုံထဲမှာ ဓာတ်ပုံကြည့်သူတွေရဲ့ မျက်လုံးမှာနောက်ဆုံး အာရုံကျမိမယ့် Subject တစ်ခုကို အလေးပေးရိုက်ကူးခြင်းဖြင့် ပြီးပြည့်စုံတဲ့ ပုံကောင်းတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။

အဓိကပုံရိပ်ကို Focus မပြတ်ခြင်း


ဗီဒီယိုရိုက်ကူးတဲ့အခါမှာ Focus မပြတ်ခြင်းကလည်း အဆိုးဝါးဆုံးသော အချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက Focus ကို မှားပေးမိတဲ့အခါမှာလည်း ရုပ်ကပ်ကောင်းတစ်ခုကို မဖြစ်စေတာကို တွေ့ရ မှာပါ။ ကိုယ်က ဗီဒီယိုကို Subject တစ်ခုတော့ ထည့်ရိုက်ပါရဲ့ ဒါပေမဲ့ ထည့်ရိုက်လိုက်တဲ့ Subject က Focus မပြတ်ဘဲ ဝါးနေမယ်ဆိုရင် အဲ့ဒီဗီဒီယိုရုပ်ကပ်က အလကားဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကရိုက်မယ်လို့ စိတ်ကူးရင် အတတ်နိုင်ဆုံး Focus ပြတ်သားခြင်း ရှိမရှိကို အမြဲပြန်ပြီး စစ်ဆေးသင့်ပါတယ်။ အချို့သော မိုဘိုင်းဖုန်းတွေမှာ မှောင်နေတဲ့အချိန် ရိုက်ကူးတဲ့အခါ Shutter မတည်မငြိမ် ဖြစ်ပြီး ပုံကပြတ်သားမှုမရှိဘဲ ဝါးသွားတတ်ပါတယ်။ အခုနောက်ပိုင်း ကင်မရာတွေမှာတော့ Focus Tracking တွေပါဝင်လာပြီး မိမိပြတ်သားလိုတဲ့ Subject ကို Screen ပေါ်မှာ လက်နဲ့ထောက်ပြီး ပေးနိုင်သလို Focus မရွေ့သွားအောင်လည်း Lock လုပ်ထားနိုင်လာတာကို တွေ့ရပါတယ်။

Exposure များခြင်း သို့မဟုတ် နည်းခြင်း


မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးတဲ့အခါမှာ လင်းလွန်းခြင်း၊ မှောင်လွန်းခြင်းတွေကို မဖြစ်မနေကြုံကြရမှာပါ။ အချို့မိုဘိုင်းဖုန်းတွေမှာ အလင်းအမှောင်ကို အလွယ်တကူ ချိန်ညှိနိုင်တဲ့စနစ်တွေ ပါဝင်သလို အချို့ဖုန်းတွေမှာတော့ ဖုန်းမှအလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်တွေကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ဖုန်းနဲ့ဗီဒီယိုရိုက်တဲ့ လူတစ်ယောက်အနေနဲ့ အရမ်းလင်းသွားတဲ့ ပုံတွေမှောင်သွားတဲ့ ပုံတွေမဖြစ်အောင် ရှောင်ရှားရိုက်ကူးရမှာပါ။ ရိုက်ကူးတဲ့အခါမှာ Focus ကို သတ်မှတ်ပေးရင် Screen ပေါ်မှာ Subject တစ်ခုရဲ့ ဘေးနားမှာရှိတဲ့ လင်းနေတဲ့နေရာကို လက်နဲ့တင်လိုက်တာနဲ့ ဖုန်းကအလိုအလျောက်ကို Exposure တွေ လျှော့ချပေးသွား မှာဖြစ်ပြီး မှောင်နေတဲ့ Subject ကို ရိုက်ကူးဖို့ Focus သတ်မှတ်တာနဲ့ အလင်းကို အလိုအလျောက် ဆွဲတင်သွားမှာပါ။

အလိုအလျောက် ပြုလုပ်တဲ့အတွက် အလင်းအရမ်းများလွန်း၊ နည်းလွန်းတာ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အလိုအလျောက်ထက် ကိုယ်တိုင်ချိန်ညှိတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

တုန်ရီမှုန်ဝါး ရုပ်ကပ်တွေဖြစ်ခြင်း


လက်မငြိမ်လို့ အများဆုံးဖြစ်တာပါ။ အချို့မိုဘိုင်းဖုန်းတွေမှာတော့ Stabilizer software ကို တစ်ပါတည်း ထည့်ပေးထားတယ်ဆိုပေမယ့် အရမ်းကို လှုပ်ခါနေမယ်ဆိုရင်တော့ အဲ့ဒီစနစ်တွေကလည်း အထောက်အကူ မပေးပါနိုင်ပါဘူး။ ဒါကြောင့် ရိုက်ကူးရင် အတတ်နိုင်ဆုံး ငြိမ်အောင် ထိန်းပြီးရိုက်ကူးပါ။ မိုဘိုင်းဖုန်းကို Tripod Stand တစ်ခုနဲ့ထောင်ပြီး ရိုက်ကူးခြင်းက အကောင်းဆုံးဖြစ်သလို Stabilizer ကိရိယာ တွေတပ်ဆင်ပြီးလည်း ရိုက်ကူးပြီးတော့ အကောင်းဆုံးရုပ်ကပ်တွေကို ဖန်တီးနိုင်ပါတယ်။

တင်ပြပုံအားနည်းခြင်း


ဒါကတော့ ဖုန်းကင်မရာက စွမ်းဆောင်ပေးနိုင်တဲ့အရာ မဟုတ်သလို ဘယ်ကင်မရာ App ကမှ အကူအညီမပေးနိုင်ပါဘူး။ ဓာတ်ပုံရိုက်ကူးသူရဲ့ ပင်ကိုအမြင်နဲ့ဆိုင်သလို လေ့လာအားနဲ့လည်း အများကြီး ပတ်သက်နေ ပါတယ်။ အဓိကဗီဒီယိုစရိုက်တဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။

အဲဒီနှစ်ပုံကို ကြည့်ရင် နေရာဒေသဟာလှပေမယ့် တင်ပြပုံအနည်းငယ် လိုအပ်ချက်ကြောင့် ပိုမိုပြီးပြည်စုံသွားတယ်လို့ မခံစားမိပါတယ်။ ဒါကြောင့် ဓာတ်ပုံတစ်ပုံအတွက် အခြေခံအားဖြင့် Rule of Third ကို ထည့်သွင်းပြောဆိုနေကြခြင်း ဖြစ်ပါတယ်။ ဖုန်းထဲမှာ Rule of Third ချိန်လို့ရအောင် Grid Line တွေ ထည့်ပေးထားပါတယ်။

ရိုက်ကူးထားတဲ့ Subject က ဝေးနေလွန်းခြင်း


ဖုန်းနဲ့ အချို့က ဗီဒီယိုတစ်ခု ရိုက်လိုက်ကြပါတယ်။ ဒါပေမဲ့ ပြန်ကြည့်တဲ့အချိန် ကိုယ်ရိုက်လိုက်တဲ့ အရုပ်မှာ ရိုက်ချင်တဲ့ Subject က ဟိုးအဝေးကြီး ရောက်နေတာကို ကြုံဖူးကြမှာပါ။ အကြောင်းကြောင်းကြောင့် လက်လှမ်းမမှီတာလည်း ဖြစ်နိုင်သလို ကိုယ်ကအနီး ကပ်ကို မသွားမိတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ရုပ်ကတ်ထဲမှာ ဖော်ပြလိုတဲ့ အကြောင်းအရာတွေမှာ မတူညီတဲ့ ခံစားချက်မျိုး ဖြစ်သွားတာကို သတိပြုမိမှာပါ။ ပြန်ကြည့်တာပဲဖြစ်ဖြစ် Edit လုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ် ကိုယ်ပြလို့တဲ့အကြောင်းအရာက အရမ်းကိုဝေးနေလို့ ဘာမှမမြင်ရတာမျိုး ဗီဒီယိုအရုပ်က မကောင်းတော့တာမျိုးတွေဖြစ်နိုင် ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ရုပ်ပုံကောင်းလောက်တဲ့ အကွာအဝေးလောက်ကိုသွားပြီး ရိုက်သင့်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ Subject ဝေးလည်း ပုံကောင်းတွေ ရှိပါတယ်။ Landscape ရိုက်ကူးတဲ့ အခါမျိုးမှာပေါ့။

Digital Zoon ကို သုံးစွဲခြင်း


ဒါက အမြဲတမ်းဓာတ်ပုံရိုက်တဲ့အခါမှာ ထည့်ထည့်ပြောနေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဗီဒီယိုမှာပုံကို သေသေချာချာ ရိုက်ကူးတော့မယ် ဆိုရင် Digital zoon ကို လုံးဝမသုံးသင့်ပါဘူး။ Digital Zoon ဟာ ပုံရဲ့ ရုပ်ထွက်ပြတ်သားမှု အရည်အသွေးကို ကျဆင်းစေပြီး ပုံမျက်နှာပြင်ကြမ်းတဲ့ ရုပ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ နောက်ပြီး Zoom ဆွဲပြီး ရိုက်ကူးရတဲ့အတွက်ကြောင့် အရုပ်တွေက ငြိမ်သက်မှုမရှိဘဲ လှုပ်ရမ်းနေတာတွေကို ကြုံရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရိုက်မယ့်နေရာကို အနီးကပ်အတတ်နိုင်ဆုံး သွားရိုက်ပါ။


-စည်သူ
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com