
လွန်ခဲ့တဲ့ လပေါင်းများစွာ ကတည်းက Apple ဒီညမှာ
မိတ်ဆက်မယ့် iPhone အသစ်များရဲ့ အမည် အပါအ၀င် သတင်းအချက်အလက်များစွာ
ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ
ကျွန်တော်တို့ သိထားခဲ့တဲ့ iPhone အသစ်များရဲ့ အမည်များဟာ တက်တက်စင်အောင်
လွဲမှားသွားခဲ့ပါပြီ။
Software
Developer ဖြစ်သူ Steven Troughton-Smith က iOS 11 ရဲ့ ကုဒ်များထဲမှာ
iPhone အသစ်များရဲ့ အမည်များကို တွေ့ရတယ်လို့ ထောက်ပြပါတယ်။ ကုဒ်များအရ
Apple ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone ကို iPhone X လို့
အမည်ပေးထားမှာပါ။ အခြား ဖုန်း ၂ လုံးကို iPhone 8 နဲ့ iPhone 8 Plus လို့
အမည်ပေးထားပါတယ်။ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ ၁၀ နှစ်ပြည့် အထူးထုတ်
iPhone ကို iPhone 8 နဲ့ အခြား ဖုန်း ၂ လုံးကို iPhone 7S နဲ့ iPhone 7S
Plus လို့ အမည်ပေးထားမယ်လို့ သိခဲ့ရပါတယ်။
Apple က iPhone 8 Event ကို စက်တင်ဘာလ ၁၂ ရက်နေ့
10am PST (1pm EST/6pm BST) အချိန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာအချိန်အားဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲ ၀န်းကျင်
ဖြစ်မှာပါ။ ပွဲချိန်ဟာ ၂ နာရီဝန်းကျင် ကြာမြင့်မှာ ဖြစ်ပြီး Apple ရဲ့
ဝက်ဆိုက်နဲ့ Apple TV အတွက် ထုတ်လုပ်ထားတဲ့ Apple Event App ကနေ
ကြည့်ရှုနိုင်ပါတယ်။ အွန်လိုင်းကနေ ကြည့်ရှုနိုင်မယ့်
အသေးစိတ်သတင်းအချက်အလက်ကို ဒီလင့်ကနေ လေ့လာပါ။