9/13/2017

♪ Xiaomi က ၆ လက်မ Bezelless Display ပါတဲ့ Mi Mix 2 ကို မိတ်ဆက် ♫


ရှောင်မီက Mi Mix ရဲ့ မျိုးဆက် Mi Mix 2 ကို မိတ်ဆက်လိုက်ပါတယ်။ Mi Mix 2 မှာ ယခင်မော်ဒယ်လိုပဲ Bezelless Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် Mi Mix 2 ရဲ့ မျက်နှာပြင်ဟာ Mi Mix ထက်သေးငယ်သွားပြီး ၆.၄ လက်မ 17:9 Display အစား ၅.၉၉ လက်မ 18:9 Full HD+ (2160×1080) Display တပ်ဆင်ထားပါတယ်။ မော်ဒယ်အသစ်ရဲ့ Screen-to-Body Ratio ဟာ ပိုမိုမြင့်မားလာပါတယ်။ ရှောင်မီက မျက်နှာပြင်အောက်ခြေရှိ ဘောင်ကို မော်ဒယ် အဟောင်းထက် ၁၂ ရာခိုင်နှုန်း ပိုမို သေးငယ်အောင် ပြုလုပ်ထားပါတယ်။ 

Mi Mix 2 မှာ Snapdragon 835, 6GB or 8GB RAM များ ထည့်သွင်းပေးထားပါတယ်။ 6GB RAM Model အတွက် 64GB or 128GB or 256GB Storage များ ရွေးချယ်နိုင်ပါတယ်။ 8GB RAM ဟာ အထူးထုတ် မော်ဒယ် ဖြစ်ပြီး 128GB Storage ပါပါတယ်။ 

အနောက်ဘက်မှာ 4-Axis OIS ပါတဲ့ 12MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ Quick Charge 3.0 ပါတဲ့ 3400mAh Battery ထည့်သွင်းထားပါတယ်။ Android 7 Nougat အခြေပြု MIUI 9 မောင်းနှင်မှာပါ။ 

6GB+64GB ကို €420, 6GB+128GB ကို €460, 6GB+256GB ကို €510 နဲ့ 8GB+128GB ကို €700 သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ၆၈၀ ၀၀၀ ၀န်းကျင်နဲ့ တန်ဖိုးအကြီးဆုံး မော်ဒယ်မှာ ၁ ၁၃၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com