9/12/2017

♪ Android One Smartphone အဖြစ် ထွက်ရှိလာမယ့် Moto X4 ♫


Xiaomi က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Google နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Xiaomi Mi A1 အမည်ရ စမတ်ဖုန်းကို ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Mi 5X ကို အခြေပြု၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး Stock Android ထည့်သွင်းထားတဲ့အတွက် MIUI မပါရှိပါဘူး။ Google က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်၍ Android One Smartphone စီမံကိန်းကို စတင် ဖန်တီးခဲ့ပါတယ်။ Android One Smartphone များဟာ တန်ဖိုးနည်းပါးလေ့ရှိပေမယ့် အခုတော့ ဒေါ်လာ ၄၀၀ ၀န်းကျင်တန် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ ဖြစ်လာပါတယ်။

အခုလည်း စမတ်ဖုန်းများရဲ့ သတင်းကို ကြိုတင်ဖော်ထုတ်ရာမှာ နာမည်ကြီးတဲ့ Evan Blass က Twitter မှာ Moto X4 ရဲ့ Android One Model ကို ပြသထားပါတယ်။ Moto X4 ရဲ့ Android One Model မှာ Stock Android ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Motorola ဟာ သူ့ရဲ့ စမတ်ဖုန်းများမှာ Stock Android ထည့်သွင်းပေးထားတဲ့အတွက် Moto X4 ရဲ့ Android One Model ဟာ အခြား Motorola စမတ်ဖုန်းများရဲ့ User Interface နဲ့ ကွာခြားချက် သိပ်မရှိနိုင်ပါဘူး။

Moto X4 ရဲ့ Android One Model ဟာ အမေရိကန်မှာ ပထမဆုံး ရောင်းချမယ့် Android One Phone ဖြစ်လာမှာပါ။ အရင်တုန်းကတော့ အိန္ဒိယလို ဖွံ့ဖြိုးဆဲနိုင်ငံများမှာသာ Android One စမတ်ဖုန်းများကို ရောင်းချပေးခဲ့ပါတယ်။


Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com