9/07/2017

♪ " MPT မှ Toll Free Call ဝန်ဆောင်မှုကို စတင်မိတ်ဆက် " ♫

Image may contain: text

MPT မှ စီးပွားရေးလုပ်ငန်းသုံး “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” 

Toll Free Call ၀န်ဆောင်မှုကို စတင်မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများအနေဖြင့် မိမိတို့သိရှိလိုသည့် အရောင်းများ၊ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များနှင့် ပတ်သက်၍ ၎င်းတို့ဆက်သွယ်လိုက်သည့် စီးပွားရေးလုပ်ငန်းများမှာ MPT ၏ ယခုဝန်ဆောင်မှုကို ရယူထားခြင်းဖြစ်ပါက ဖုန်းခေါ်ဆိုခ ကျသင့်တော့မည်မဟုတ်ပေ။ MPT အနေဖြင့် (၀၈၀၀ ၈၀၀ x xxx) ဖြင့်စသည့် “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” ဖုန်းနံပါတ်များကို အော်တို တယ်လီဖုန်းလိုင်း(ကြိုးဖုန်းလိုင်း) မှတစ်ဆင့် လက်ခံနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူများနှင့် အော်တိုတယ်လီုဖုန်း အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုခပေးဆောင်ရန် မလိုအပ်ဘဲ အဆိုပါ ဖုန်းနံပါတ်များသို့ ခေါ်ဆိုနိုင်သည်။



အဆိုပါ စီးပွားရေးလုပ်ငန်းများ၏ Toll Free နံပါတ်များသို့ ခေါ်ဆိုရာတွင် ဖုန်းခေါ်ဆိုမှုအတွက် အခကြေးငွေ ကျသင့်မည်မဟုတ်ဘဲ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများထံမှသာ လစဉ်လတိုင်း ကောက်ခံသွားမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုသူများသည် ၎င်းတို့ခေါ်ဆိုလိုသော လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော ကုတ်နံပါတ်မှတစ်ဆင့် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပြီး ၀၈၀၀ ၈၀၀ ၏ နောက်တွင်ကပ်လျက် ပါရှိသော ဂဏန်းသည် လုပ်ငန်းအမျိုးအစားကို ညွှန်ပြထားခြင်းဖြစ်သည်။


လုပ်ငန်းအမျိုးအစားလိုက်ကွဲပြားသွားမည့် ဖုန်း နံပါတ်များမှာ - တက္ကစီလုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၁xxx ၊ ဘဏ်လုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၂xxx ၊ ဆေးရုံ လုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၃xxx ၊ ပညာရေးလုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၄xxx ၊ လူမှုဖူလုံရေးဖြစ်လျှင် ၀၈၀၀ ၈၀၀ ၅xxx ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၆xxx ၊ စီးပွားရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများဖြစ်လျှင် ၀၈၀၀ ၈၀၀ ၇xxx တို့ဖြစ်သည်။ MPT Toll Free ဝန်ဆောင်မှုရယူရန် စိတ်ပါဝင်စားသူများအနေဖြင့် MPT ၏ B2B အရောင်းဌာနသို့ b2b@mptjo.com.mm အီးမေးလ်ဖြင့်ဖြစ်စေ၊ Hot Line ဖုန်းနံပါတ် ၀၈၀၀ ၈၀၀ ၉၉၉၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com