9/09/2017

♪ FullView display ပါဝင်တဲ့ V7+ ကို Vivo တရားဝင်မိတ်ဆက် ♫



Vivo ဟာ V7+ လို့ခေါ်တဲ့ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ 18:9 “FullView” display နဲ့အတူ 24MP အရှေ့ဘက်ကင်မရာ၊ SIM နှစ်ခုနဲ့ microSD card တစ်ခုအတွက် triple slot တို့ ပါဝင်လာပါတယ်။

Display က ၅.၉၉ လက်မ 720 x 1440px IPS panel ဖြစ်ပြီး aspect ratio 18:9 ဖြစ်ကာ bezel လုံးဝနီးပါး မပါဝင်တာကို တွေ့ရပါတယ်။ Snapdragon 450 chipset နဲ့ octa-core 1.8GHz processor, Adreno 506 graphics နဲ့ 4GB RAM တို့ကို ထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှုပမာဏက 64GB ဖြစ်ပြီး microSD card slot ကနေတစ်ဆင့် တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ ဘက်ထရီက 3,225mAh ဖြစ်ပါတယ်။


Vivo V7+ ရဲ့ ကင်မရာတွေက ဒီဖုန်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး feature တွေ ဖြစ်ပါတယ်။ ပင်မကင်မရာက 16MP ဖြစ်ပြီး ဓာတ်ပုံလေးပုံရိုက်ကူးကာ 64MP ပုံရိပ်တစ်ခုအဖြစ် ပေါင်းစပ်ပေးမယ့် ultra HD mode ကို ထောက်ပံ့ပေးထားပါတယ်။ Selfie ကင်မရာက 24MP ဖြစ်ပြီး Moonlight Glow လို့ခေါ်တဲ့ selfie flash ပါဝင်ပါတယ်။ ဒါ့အပြင် Face Beauty 7.0 နဲ့ Portrait Mode တို့ကိုလည်း ထည့်သွင်းထားပါတယ်။


Vivo V7+ ကို Amazon India ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ကြိုတင်မှတ်ပုံတင်ထားနိုင်ပြီး စက်တင်ဘာ ၁၅ ရက်မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ တန်ဖိုးက ၂၁,၉၉၀ ရူပီး (ယူရို ၂၈၆ ဝန်းကျင်) ဖြစ်ပါတယ်။


-နောင်နောင်
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com