9/09/2017

♪ Price : 259,000ks သာကျသင့်တဲ့ Nokia 5 ရဲ့ အားသာချက်အားနည်းချက်နှင့်သုံးသပ်ချက်များ ♫



အားသာချက်
ဈေးနှုန်းအလယ်အလတ်စား Mid Range ဖုန်းအမျိုးအစားဖြစ် နေပေမယ့်လည်း ဖုန်းမှာပါဝင်ဖွဲ့စည်းပေး ထားတဲ့ CPU, GPU နဲ့ မှတ်ဉာဏ်ပိုင်း သင့်တင့်မှုတွေက ဒီဖုန်းရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ထိတွေ့မှု ကောင်းမွန်ပြီး မြန်ဆန်တဲ့ Fingerprint စနစ်၊ ကိုယ်ထည်တည် ဆောက်ပုံလှပခြင်း၊ ကင်မရာ Megapixels မြင့်မားခြင်းတွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။ Sensor ပိုင်းမှာလည်းအဆင် ပြေကောင်းမွန်အောင် ပြုလုပ်ပေးထားပြီး ပါဝါသိုလှောင်မှု ကောင်းမွန်တဲ့ ဘက်ထရီပါဝင်ခြင်း၊ Sim Card နှစ်ကတ်နဲ့ SD Card ကို သပ်သပ်စီ အသုံးပြုနိုင်တာတွေကလည်း ကောင်းမွန်တဲ့ အချက်တွေပါပဲ။

အားနည်းချက်
ပါဝင်တဲ့ ဘက်ထရီ ပါဝါသိုလှောင်မှု မြင့်မားပေမယ့် အားသွင်းမြန်ဆန်တဲ့ First Battery Charge လိုစနစ်တွေ ပါဝင်တာ မတွေ့ရပါဘူး။ ကင်မရာကောင်းမွန်ပေမယ့်လည်း ဓာတ်ပုံရိုက်တဲ့ အချိန်မှာ ရွေးချယ်အသုံးပြုနိုင် တဲ့ Mode တွေသိပ်များများစာပါဝင်တာ မတွေ့ရပါဘူး။

ဒီဇိုင်း
ပုံစံဒီဇိုင်းပိုင်း လှပတယ်လို့ ပြောနိုင်တဲ့ဖုန်းဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း သေသပ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံ ကလည်း ကျစ်ကျစ်လျစ်လျစ်ရှိပါ တယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ လုပ်ထားတာဖြစ် ပြီး ရှေ့ဘက်မြင်ကွင်းရဲ့ ဘေးဘောင်တွေကလည်း ပါးတဲ့အတွက် Screen အပြည့်ပုံစံမျိုး ခံစားရမှာပါ။ Fingerprint ကိုတော့ Home Button နဲ့ အတူတွဲဖက် တပ်ဆင်ပေးထားတာပြီး စပီကာကိုတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင်ထားပါတယ်။ အရွယ်အစားကောင်းမွန်ပြီး ကိုင်တွယ်အသုံးပြု ရတာ လက်နဲ့အံဝင်ခွင်ကျရှိပြီး အလေးချိန်ကတော့ မပေါ့လွန်း မလေးလွန်းတဲ့ အခြေအနေမျိုးရှိပါတယ်။

မြင်ကွင်း
၅.၂ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels ရှိတဲ့ HD Screen အမျိုးအစားပါ။

နည်းပညာ
ဖုန်းရဲ့ Display စနစ်ထဲမှာတော့ Screen ပေါ်ကို နေရောင်ခြည် တိုက်ရိုက်ကျနေတဲ့အချိန်မှာ ဖုန်း Screen ကိုမမြင်ရခြင်းတွေကို ကာ ကွယ်ပေးနိုင်တဲ့ Sunlight mode ဆိုတဲ့ စနစ်ပါဝင်လာပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာရှိနေတဲ့ Back နဲ့ Recent Key တွေရဲ့ မီးတွေကိုလည်း အမြဲတမ်းလင်းနေအောင် လုပ်မလား၊ ဒါမှမဟုတ် အချိန်အကန့်အသတ် နဲ့ လင်းနေစေမလားဆိုတာတွေကို မှတ်သားထားနိုင်ပါတယ်။ Power Saving စနစ်၊ Gesture စနစ်နဲ့ Motiotn စနစ်တွေပါဝင်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ် ကြည့်မယ်ဆိုရင်တော့ Nokia 5 ဟာ ဈေးနှုန်းအရ သင့်တင့်တဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ဖုန်းမှာပါဝင်ဖွဲ့ စည်း တည်ဆောက်ပေးထားတဲ့ Hardware ပိုင်းတွေ၊ ဖုန်းတွင်းအသုံးပြုစနစ်တွေနဲ့ မှတ်ဉာဏ်ပိုင်းတွေကလည်း ဈေးနှုန်းနဲ့ ကြည့်မယ်ဆိုရင်တော့ သင့်တင့်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ကင်မရာပိုင်းမှာ Camera Mode တွေနည်းတဲ့အချက်နဲ့ Barometer နဲ့ Temperature လို Sensor တွေမပါတာ First Charging စနစ်မပါဝင်တဲ့ အချက်လေးတွေတော့ ရှိပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကိုသပ်သပ်စီ တစ်ပြိုင်တည်း ထည့်သွင်းသုံးနိုင်တဲ့ အချက်ကတော့ ကောင်းတဲ့အချက်တစ်ခုပါပဲ။ နေရောင်အောက်မှာ သုံးနိုင်တဲ့ Screen Mode စနစ်နဲ့ ကင်မရာ Megapixels တွေ၊ Fingerprint Sensor ပိုင်းတွေကလည်း ကောင်းမွန်ပါတယ်။


Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.1.1
CPU – Octa-core 1.4 GHz Cortex-A53
GPU – Adreno 505
Memory – Internal 16GB, 2GB RAM, Micro SD 256GB
Camera – 13 MP, f/2.0, phase detection autofocus, dual-LED (dual tone) flash, 1/3″ sensor size, 1.12 µm pixel size, geo-tagging, touch focus, face detection, HDR, Video, Secondary 8 MP, f/2.0
Wi-Fi – Yes
Bluetooth -4.1, A2DP, LE
Battery – Li-Ion 3000 mAh Battery



သူတို့အမြင်
ဦးစိုးဝင်း (စမ်းသပ်အသုံးပြုသူ)
Nokia 5 ကတော့ မဆိုးဘူးလို့ပဲ ပြောရမယ်ထင်တယ်။ ဈေးကလည်း အလယ်အလတ်တန်းစားဖြစ်ပြီး ဖုန်းမှာပါတဲ့ Feature တွေ နဲ့ Hardware ပိုင်းတွေကလည်း ကောင်းပါတယ်။ ကင်မရာကအလင်း အမှောင်ကောင်းပေမယ့် ဓာတ်ပုံရိုက်ဖို့ Mode တွေသိပ်များများမပါ တဲ့အတွက် ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ သူတွေကတော့ သဘောကျလိမ့်မယ်လို့ မထင်ဘူး။ ဒီဇိုင်းလှတယ်၊ Fingerprint ကလည်းကောင်းပါတယ်။ OS က မြင့်ပေမယ့် Settings ရဲ့မြင်ကွင်းတွေကတော့ ရိုးရှင်း လွန်းတယ်လို့ ခံစားရတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကိုသပ်သပ်စီ တစ်ပြိုင်တည်းသုံးနိုင်တာ ကလည်းကောင်းပါတယ်။

ကိုမောင်မောင် (စမ်းသပ်အသုံးပြုသူ)
ဒီဇိုင်းပိုင်းကြိုက်တယ်။ ပုံစံလှပြီးကိုင်ရတာလည်း ကောင်းပါတယ်။ SD Card သုံးမယ်ဆိုရင် Sim Card နှစ်ကတ်စလုံး သုံးလို့ရနေတဲ့အတွက် ဒါကိုလည်း သဘောကျတယ်။ ဖုန်းရဲ့ CPU, GPU, Chipset တွေကဈေးနှုန်းနဲ့ ယှဉ်ကြည့်ရင် မျှတတယ်လို့တော့ပြော လို့ရပါတယ်။ မှတ်ဉာဏ်ပိုင်းမှာတော့ 32GB လောက်ပါရင် ပိုကောင်းမယ်လို့ ထင်မိတယ်။ Nokia 6 ထက် ကင်မရာ Megapixels နဲ့ Screen ပိုင်းမှာလည်း လျှော့ထားတော့ Memory ပိုင်းမှာ ကောင်းရင် ပိုအဆင်ပြေမယ်ထင်မိတယ်။ Fingerprint ကလည်းသုံးရတာ အဆင်ပြေပါတယ်။ ကင်မရာပိုင်းမှာ Megapixels တွေကောင်းပေမယ့် ကင်မရာ Mode ပိုင်းတွေမှာတော့ အားနည်းတယ်လို့ မြင်မိတယ်။

မသဇင်အောင် (စမ်းသပ်အသုံးပြုသူ)
ဒီဇိုင်းပိုင်းကိုတော့ ကြိုက်တယ်။ ကိုင်ရတာလည်း ကောင်းပါတယ်။ CPU, GPU ပိုင်းတွေကလည်း ကောင်းတဲ့အတွက် ကြိုက်ပါတယ်။ Fingerprint ကလည်း သုံးရတာအဆင်ပြေပါတယ်။ SD Card သုံးလည်း Sim Card နှစ်ကတ်လုံး သုံးလို့ရတဲ့ အချက်ကိုလည်း ကြိုက်ပါတယ်။ ကင်မရာပိုင်းမှာ Mode တွေဘာမှမပါသလောက် ဖြစ်နေတာကိုတော့ သိပ်သဘောမကျဘူး။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ တစ်မျိုးတည်းနဲ့ပဲ ရိုက်နေရပြီး ကိုယ့်စိတ်ကြိုက် Mode တွေပြောင်းမရဘူး။ ဘက်ထရီကတော့ တော်တော်လေး အသုံးခံတာတွေ့ရတယ်။



-ကိုသက်
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com