9/04/2017

♪ “Acer က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Spin 5 ကို ပြသ” ♫

Image may contain: laptop and screen

Acer က IFA 2017 နည်းပညာပြပွဲမှာလက်တော့လိုရောတက်ဘလက်လို ပါ အသုံးပြုနိုင်တဲ့ Spin 5 ကိုမိတ်ဆက်လိုက်ပါတယ်။ Apple iPad Pro နဲ့ Microsoft Surface တို့လိုကီးဘုတ်ကို ဖြုတ်၊ တပ်နိုင်ခြင်းမရှိပေမယ့် မျက်နှာပြင်ကို ၃၆၀ ဒီဂရီခေါက်ချိုး၍ တက်ဘလက်လိုအသုံးပြုနိုင်ပါတယ်။

Acer Spin 5 ရဲ့ ၁၃ လက်မမော်ဒယ်ကိုယူရို ၈၉၉ နဲ့ ၁၅ လက်မမော်ဒယ် ကို ယူရို ၉၉၉ သတ်မှတ်ထားပြီးဒီဇင်ဘာလမှာရောင်းချပေးမှာ ဖြစ်ပါ တယ်။မြန်မာငွေ အားဖြင့် ၁၄၅ ၀၀၀ နဲ့ ၁၆၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင် ပါတယ်။

Spin 5 အတွက် ၁၃ လက်မနဲ့ ၁၅ လက်မမော်ဒယ်များထုတ်လုပ်ပေး ထားပြီး ၁.၅ ကီလိုဂရမ်နဲ့ ၂ ကီလိုဂရမ် အသီးသီးအလေးချိန် ရှိပါ တယ်။သွားလေရာယူဆောင်သွားနိုင်လောက်အောင် ပေါ့ပါးပါတယ်။ မော်ဒယ် ၂ ခုစလုံးရဲ့ စကရင်များမှာထိတွေ့မျက်နှာပြင်များ ဖြစ်ပြီး Acer Active Stylus ခေါ် ဒစ်ဂျစ်တယ် ဘောပင်ဖြင့် တွဲဖက် အသုံးပြုနိုင် ပါတယ်။ 8th Generation Intel Core Processor များကိုမော်ဒယ် ၂ ခု စလုံးမှာတပ်ဆင်ပေးထားပါတယ်။

RAM အပိုင်းမှာတော့ 16GB အထိရွေးချယ်နိုင်ပါတယ်။ တစ်ခါအားသွင်း ထားရင် ၁၃ နာရီအထိအသုံးခံတဲ့ ဘက်ထရီပါပါတယ်။ ၁၅ လက်မ Spin 5 ရဲ့ ၁၃ လက်မထက် အားသာချက်မှာအရှေ့ဘက် စပီကာ ၂ လုံးနဲ့ စွမ်းရည်မြင့် Dolby Audio Processing နည်းပညာများ ပါဝင်ခြင်း ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com