9/04/2017

♪ “မိုဘိုင်းနည်းပညာ တိုးတက်မှုတွေထဲက ကိုရီးယားကုမ္ပဏီ LG” ♫

Image may contain: phone and text

နှစ်စဉ်နှစ်တိုင်းမှာပဲ Android စမတ်ဖုန်းတွေဟာ ပိုမိုတိုးမြှင့်ထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ ဖန်တီးမှုအားကောင်းလာတဲ့ ဒီဇိုင်းပုံစံ တွေပေါင်းစပ်ပြီး စမတ်ဖုန်းသုံးစွဲသူတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီအလိုက် မွမ်းမံခြယ်သမှုတွေနဲ့ ထွက်လာတဲ့ ဖုန်းတွေဖြစ်တာကြောင့် မတူကွဲပြားတဲ့လုပ်ဆောင်ချက်တွေတော့ ရှိနေပါတယ်။ ဒါကလည်း မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ လွယ်လင့် တကူမှတ်သားသိရှိနိုင်ပါတယ်။ Samsung ဖုန်းဆိုရင် ဘယ်လို လုပ်ဆောင်ချက်တွေကောင်းတယ်။ LG ဖုန်းတွေဆိုရင်ဘယ်လို လုပ်ဆောင်ချက်တွေကောင်းတာတွေအပြင် ကိုရီးယားနိုင်ငံထုတ် စမတ်ဖုန်းတွေထဲမှာမှ OS ကို ပြန်လည်ဆန်းသစ်တီထွင်လာမှုတွေပါ တွေ့လာရမှာ ဖြစ်ပါတယ်။ LG အီလက်ထရောနစ်ဟာ တောင်ကိုရီးယား အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကို နောက်ဆုံးပေါ် စမတ်ဖုန်းတွေ တင်ပို့ရောင်းချခြင်းနဲ့ ပရိသတ်အခိုင်အမာ ရရှိထားပါတယ်။ LG အနေနဲ့ ကမ္ဘာ့စမတ်ဖုန်းစင်မြင့်ထက်မှာ Series စမတ်ဖုန်းတွေကို Android OS အသုံးပြုပြီးရောင်းချနိုင်ဖို့ စတင်လှုပ်ရှား ခဲ့တာဟာ ၂၀၁၂ ခုနှစ်ပိုင်းလောက်က ဖြစ်ပါတယ်။ သို့ပေမယ့် LG ဟာ ၂၀၁၃ ရောက်တဲ့အချိန်မှသာ ဒီကိစ္စကို အကောင်အထည်ဖော်နိုင်ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်တတိယသုံးလပတ် စာရင်းကောက်ယူမှုများအရ LG ဟာ ကမ္ဘာ့စမတ်ဖုန်း ထုတ် လုပ်သူတွေထဲမှာ စတုတ္ထအကြီးမားဆုံး မိုဘိုင်းဖုန်းထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ဇူလိုင် မှာ LG ဟာ Optimus အမည်နဲ့ စမတ်ဖုန်းထုတ်လုပ်မှုကိုဆက်မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အနာဂတ် စမတ်ဖုန်းတွေကို " G " နဲ့ " Vu " ဆိုတဲ့ Brand ခွဲခြားပြီး ဈေးကွက်ကို ဦးတည် ထုတ်လုပ်လာခဲ့ပါတယ်။ ပထမဆုံးသော G Branded ဖုန်း ကတော့ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာမိတ်ဆက်ခဲ့တဲ့ LG G2 ဖြစ်ပြီး ထွက်ရှိစဉ်အချိန်တည်းကနေ လက်ရှိအချိန်ထိ အကောင်းဆုံးဖုန်းအဖြစ် ရပ်တည်နေပါတယ်။ သူရဲ့နောက်ထပ်မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ LG G3 မထွက်ခင်အချိန်ထိတောင် မှ New Flagship ဖုန်းဟာ G2 ပါပဲ။ G2 ရဲ့နောက်မှာတော့ တောင်ကိုရီးယားအခြေစိုက်ထုတ်လုပ်သူကြီးဟာ နောက်ထပ်စမတ်ဖုန်းတွေဖြစ်တဲ့ G Pro Lite, G Flex, GX, G Pro 2, G2 Mini တို့ကိုဆက်တိုက်ထုတ်လုပ်လာခဲ့ပြီး လက်ရှိ G5 ထုတ်လုပ်လိုက် တဲ့အချိန်ထိဆိုရင်သူ့ရဲ့ G မျိုးဆက်စမတ်ဖုန်းတွေဟာ လက်ချိုးရေတွက် လို့ရနိုင်ပါသေးတယ်။ အားလုံးသောစမတ်ဖုန်းတွေထဲ မှာတော့ G2 နဲ့ G3 ဟာ တီထွင်ဆန်းသစ်မှုအရှိဆုံးဒီဇိုင်းနဲ့အရည်အသွေးကို ပိုင်ဆိုင်ထား ပါတယ်။ G6 ဆိုရင် ပိုမိုတီထွင် ဆန်းသစ်နိုင်စွမ်း ရှိတယ်လို့တောင် ဆိုနိုင်ပါတယ် . . .

<LG G2>

LG ရဲ့ ယခင်ကထုတ်လုပ်နေတဲ့ Optimus ပုံစံတွေကနေ ခွဲထွက်ထားပြီး Android စမတ်ဖုန်းအသုံးပြုသူတွေအတွက် အချို့လုပ်ဆောင်ချက်အသစ် တွေ ကို G2 မှာ ပထမဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ တည်ဆောက်မှုဒီဇိုင်း ပုံစံဟာ ထိပ်တန်းစမတ်ဖုန်းတွေအတွက် စိန်ခေါ်မှုအသစ်တစ်ခုအဖြစ် မြင်တွေ့ရပြီး Power ON/Off button ကို ဖုန်းရဲ့နောက်ကျောဘက် ကင်မရာရဲ့ အောက်တည့်တည့်မှာ Volume up/down button နဲ့အတူ ပေါင်းစပ်ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဖုန်းရဲ့ကိုယ်ထည် ဘေးဘက်အပေါ်နားမှာ Sim Card ထည့်ဖို့ Tray တစ်ခုပါဝင်ပြီး ကိုယ်ထည်ဘေးဘက်၊ အပေါ်ဘက်ပတ်ပတ်လည်မှာ နှိပ်ပြီး အသုံးပြုရန် မည်သည့်ခလုတ်မှ ပါဝင်မှာမဟုတ်ပါဘူး။ မျက်နှာပြင်အရွယ်အစား 5.2" ရှိပြီး 1080 x 1920 p အရည်အသွေး ရှိပါတယ်။ ဒီအရွယ်အစားဟာ wide screen HD video တွေကို တိကျတဲ့အချိုးအစား (16:9) အတိုင်း ကွက်တိ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ Qualcomm Snapdragon 800 SOC ပေါ်မှာ Quad core 2.26 GHz Krait 400 CPU ကိုအသုံးပြုထားတဲ့အတွက် အမြန်နှုန်းက အံ့မခန်းပါပဲ။ RAM ပမာဏ 2GB ပါဝင်ပြီး Adreno 330 GPU ကို အသုံးပြုထားပါတယ်။

<LG G3>

အဓိကအားဖြင့် G3 မှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ Feature တွေနဲ့အတူ ကင်မရာလုပ်ဆောင်နိုင်စွမ်းတိုးမြှင့်မှုတွေကို ထပ်မံပေါင်းထည့်ပေး ထားပါတယ်။ G3 ကို Quad HD Display နဲ့ ထုတ်လုပ်ပေးထားပါတယ်။ G3 ကို Android OS 4.4 KitKat နဲ့မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ Optimus UI နဲ့ ပေါင်းစပ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Smart Notic, Smart Security နဲ့ Smart Keyboard လိုနည်းပညာတွေလည်း သုံးစွဲနိုင်ဦးမှာဖြစ်ပါတယ်။ ကျောဘက်ကာဗာကို အခြစ်ရာ အစင်းရာ တွေ အလွယ်တကူမဖြစ်စေဖို့အတွက် Metallic skin နဲ့ ပြုလုပ်ပေးထား ပါတယ်။ စမတ်ဖုန်းရဲ့ အဓိကလုပ်ဆောင်ချက်တွေကို မြန်ဆန်စွာ စွမ်းဆောင်နိုင်စေဖို့အတွက် Qualcomm Snapdragon 801 SOC ပေါ်မှာ Quad core 2.5 GHz Krait 400 CPU ကို အသုံးပြုထားတဲ့ အတွက် အမြန်နှုန်းက အံ့မခန်းပါပဲ။ RAM အတွက်တော့ သူ့မှာခွဲခြား ထားမှုရှိပါတယ်။ 16GB အတွက်ဆိုရင် 2GB RAM ဖြစ်ပြီး 32GB အတွက်ဆိုရင်တော့ 3GB RAM နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ Quick Cycle Case နဲ့ QI Wireless တို့ဟာ ဘက်ထရီအတွက် နောက်ထပ်ထောက်ပံ့ မှုတွေပါပဲ။

<LG G4>

၅.၅ လက်မမျက်နှာပြင်နဲ့ Quad HD Display ဟာ အရင်မျိုးဆက်နဲ့ သွားရောက်တူညီပြီး၊ စမတ်ဖုန်းမျက်နှာပြင်ရဲ့ ရောင်စဉ်ဖြာထွက်နိုင် မှုအပိုင်းတွေကို တိကျသေချာအောင် ပြုလုပ်ပေးထားနိုင်ပြီး၊ Blue Back-Light LED ကို သုံးစွဲပေးထားပါ တယ်။ Android 5.1 (Lollipop) အပေါ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ UI ဒီဇိုင်းဟာ LG သုံးစွဲသူတွေ အတွက် သီးသန့်ဖြစ်ပါ တယ်။ G4 မှာ လဲလှယ်တပ်ဆင်လို့ရနိုင်တဲ့ 3000mAh ဘက်ထရီနဲ့အတူ အချက်အလက်တွေ သိုလှောင် သိမ်းဆည်း နိုင်ဖို့ အတွက် 32GB ကို တစ်ပါတည်းပါဝင်လာစေမှာဖြစ်ပါတယ်။ Snapdragon 808 processor ကိုသုံးစွဲထားပြီး၊ သူ့ရဲ့လုပ်ဆောင်နိုင် မှုဟာ Dual Core CPU နဲ့ Quad Core CPU ပေါင်းစပ်မှုပဲဖြစ်ပါတယ်။ Qualcomm ရဲ့ 800 Series processor တွေလုပ်ဆောင်မှုဟာ နောက်ပိုင်းထွက် မိုဘိုင်းဖုန်းတွေမှာ အတော်လေးပြည့်စုံလာခဲ့ပြီး၊ တချို့ Series တွေမှာတော့ အပူလွန်ကဲမှုကိုဖြစ်စေပါ တယ်။ ဒါကြောင့် LG အနေနဲ့ 808processor ကိုထည့်သွင်းတပ်ဆင်ပြီး၊ Graphics ပိုင်း အတွက်တော့ Adreno 418 GPU ကို ပေါင်းစပ်ပေးထားပါတယ်။ အဓိကကင်မရာဟာ 16MP အရည်အသွေးရှိမှာဖြစ်ပါတယ်။

<LG G5>

LG G5 ဟာ အကောင်းဆုံးစမတ်ဖုန်းဆု အပါအ၀င် GSMA ရဲ့ Glomo Awards ဆုပေါင်း ၃၃ ခုကို ရရှိထားပါတယ်။ “ဖုန်းအစိတ်အပိုင်းများကို ဖြုတ်၊ တပ်နိုင်တဲ့ Modular Phone Design ကို ပြောနေကြတာ နှစ်တော်တော်ကြာပါပြီ။ ဒါပေမယ့် ဘယ်သူမှ ရောင်းတန်းဝင်အောင် မဖန်တီးနိုင်သေးပါဘူး။ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့လို့ ၀မ်းသာပါတယ်” လို့ LG Electronics Mobile မှ စီအီးအိုနဲ့ ဥက္ကဌဖြစ်သူ Juno Cho က ပြောကြားထားပါတယ်။ LG G5 မှာ ၅ .၃ လက်မ QHD Display, Qualcomm Snapdragon 820 or 652, 4GB RAM or 3GB RAM, 32GB Storage, microSD Card Slot, 16MP Rear Camera, 8MP Front Camera, NFC, USB Type-C, Fingerprint Scanner, 2800mAh Battery, Android 6.0 တို့ သုံးထားပါတယ်။

<LG G6>

G6 ရဲ့ဒီဇိုင်းဟာ မျက်နှာပြင်ကိုပိုမိုကြီးမားသွားစေတဲ့ ပုံစံတစ်မျိုး ဖြစ်ပေမယ့် လက်တစ်ဖက်တည်းနဲ့ အသုံးပြုရတာ အဆင်ပြေအောင် ၅.၇ လက်မရှိတဲ့ LCD မျက်နှာပြင်ရဲ့ Resolution ပိုင်းမှာ 2880 x 1440 နဲ့ ပိုမိုရှည်လျားတဲ့မျက်နှာပြင် အချိုးအစားတစ်ရပ်ဖြစ်တဲ့ 18:9 ပုံစံကို ထည့်သွင်းထားပါတယ်။ အဓိကပါဝင်တဲ့ အချက်အလက်တွေအနေနဲ့ G6 မှာ Android 7.0 Nougat ဗားရှင်းနဲ့ထည့်သွင်းအလုပ်လုပ်မှာဖြစ်ပြီး Qualcomm Snapdragon 821 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM ကတော့ 4GB ပါဝင်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 32GB နဲ့ MicroSD ကတ်ထပ်စိုက်နိုင်ပါလိမ့်မယ်။ ဘက်ထရီက G5 တုန်းကလို Removable မလုပ်နိုင်တော့ပေမယ့် 3300mAh ဘက်ထရီ ကအတော်ကောင်းမွန်တယ်လို့ ဆိုနိုင် ပါတယ်။ LG ဟာ Landscape အနေနဲ့အသုံးပြုရင်လည်း အဆင်ပြေနိုင်အောင်တချို့ App တွေကို Develop လုပ်ခဲ့ပြီး Gallary, Contacts, Calendar, E-mail နဲ့ Music တွေကို မျက်နှာပြင်နှစ်ခုခွဲပြီး အလုပ်လုပ်နိုင်မှာပါ။ Google Assistant ဆိုတဲ့ AI ပါဝင်တဲ့ Google ဖုန်းမဟုတ်တဲ့ ပထမဆုံး Android စမတ်ဖုန်း လည်း ဖြစ်လာတာကြောင့် သင့်အနေနဲ့ AI စနစ်ကိုအတွေ့အကြုံသစ်နဲ့ အသုံးပြုနိုင်မှာပါ။

သက်ပိုင်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com