9/04/2017

♪ “LG က Galaxy S8 လို Full Screen Display ပါတဲ့ V30 ကိုမိတ်ဆက်” ♫

No automatic alt text available.

LG က IFA 2017 နည်းပညာပြပွဲမှာ Samsung Galaxy S8 လို Full Screen Display တပ်ဆင်ထားတဲ့ V30 ကိုမိတ်ဆက်လိုက်ပါတယ်။ V30 ဟာစွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ ယခင် V Series များမှာ လိုအပိုစကရင်ငယ် ၁ ခုမပါတော့ဘဲ ၆ လက်မ P-OLED Screen ၁ ခု သာတပ်ဆင်ထားပါတယ်။ Screen ဟာ HDR10 ကိုထောက်ပံ့တဲ့အတွက် ရုပ်ထွက်များအလွန် ကောင်းမွန်ပါတယ်။ သူ့မှာ Always on Display စွမ်းဆောင်ချက်လည်းပါပါတယ်။

LG V30 ရဲ့ အနောက်ဘက်မှာစွမ်းရည်မြင့် 16MP နဲ့ မြင်ကွင်းကျယ် 13MP Camera ၂ လုံးတပ်ဆင်ထားပါတယ်။ မှောင်နေတဲ့ နေရာများ မှာတောင် ဓါတ်ပုံကောင်းများဖန်တီးပေးနိုင်တယ်လို့ LG က ပြောပါတယ်။ ထူးခြားတာကဗီဒီယိုမရိုက်ခင်မှာ Fliter Effect များထည့်သွင်းနိုင်ခြင်း ဖြစ်ပါတယ်။

V30 မှာ Snapdragon 835 Chipset, 4GB RAM, 64GB Storage or 128GB Storage များထည့်သွင်းထားပါတယ်။ မှတ်သားစရာကောင်း တာက LG G6 ရဲ့ 821 ထက် ပိုမိုစွမ်းရည်မြင့်လာပါတယ်။ Storage မြှင့်တင်ဖို့ microSD Card Slot ထည့်ပေးထားပါတယ်။ 3300mAh Battery ပါပြီး လျင်မြန်စွာအားသွင်းနိုင်တဲ့ USB-C Port အပြင် ကြိုးမဲ့ အားသွင်းနည်းပညာပါပါတယ်။

Android 7.1.2 Nougat နဲ့ နည်းပညာမြင့် အသံစနစ် QuadDAC ပါပါ တယ်။ ရေစိုခံပြီးရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကိုမသိရသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com