4/04/2017

♪ " Xiaomi Mi 6 တွင် 30MP ကင်မရာပါဝင်လာနိုင် " ♫

Image may contain: phone and text

Xiaomi Mi 6 သည် မကြာမီထွက်ရှိလာမည်ဟု ယူဆရပြီး အဓိကအားဖြင့် သတင်းထွက်နေသည်မှာ ဧပြီ 16 ရက်နေ့ဖြစ်သည်။ Mi 6 နှင့်ပတ်သက်၍ သတင်းပေါက်ကြားမှုများစွာထွက်ပေါ်ခဲ့ပြီး ယခုနောက်ဆုံးထွက်ပေါ်လာသောသတင်းအရ Mi 6 ၏ဘူးခွံတွင် ပါဝင်သော Speesheet ပုံစံဓာတ်ပုံဖြစ်သည်။ 

အဆိုပါတရုတ်စာသားအရ ကင်မရာ 30MP ပါဝင်သည်ဟု ယူဆရမည်ဖြစ်သည်။ ထို့ကြောင့် များပြားလှသော megapixels ပမာဏဖြစ်ကာ Mi 6 တွင် ထိုမျှပမာဏပါဝင်နိုင်ခြင်းရှိမရှိမှာ စဉ်းစားစရာဖြစ်လာခဲ့သည်။ Sony မှ 24.8 MP sensor ကိုသုံးခဲ့ပြီး ထိုပမာဏသည် လက်ရှိကာလ ကင်မရာများတွင် အမြင့်မားဆုံးဟု ဆိုနိုင်သည်။ 24.8 sensor သည် ½.3” ရှိသဖြင့် ကြီးမားရာ 30MP သာဆိုပါက ပိုကြီးမားရန်သာရှိပြီး lens ပုံစံနှင့် ဖုန်းကိုယ်ထည်တို့အား တည်ဆောက်ရာတွင် အခက်အခဲရှိလာနိုင်သည်။ သို့သော် 15MP ကင်မရာနှစ်ခု dual camera ပုံစံမှာလည်း ဖြစ်နိုင်သောကိစ္စတစ်ခုသာဖြစ်သည်။

 နောက်ထပ်စိတ်ဝင်စားစရာနံပါတ်တစ်ခုမှာ 4000mAh ဘက်ထရီဖြစ်ပြီး 5.15” Mi 6 တွင်သာ အမှန်တကယ်ပါဝင်ခဲ့ပါက အလွန်ကောင်းမွန်သော ဘက်ထရီသက်တမ်းကိုရစေမည်ဖြစ်ပြီး 10nm snapdragon 835 chip ကလည်း ပို၍စွမ်းအင်ချွေတာပေးနိုင်မည်ဖြစ်သည်။ Ram 6GB နှင့် Storage 128GB ပါဝင်သည်ဟု အဆိုပါဘူးတွင်ဖော်ပြထားပြီး RAM 4GB version လည်းရှိနိုင်ကြောင်း ယူဆနိုင်သည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com