4/06/2017

♪ LG G6 ရဲ့ အကြမ်းခံမှုကို စစ်ဆေးပြထားတဲ့ video ထွက်ပေါ် (Video) ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/hio.jpg?fit=800%2C450&ssl=1

စမတ်ဖုန်း တစ်လုံးဟာ software , hardware specs တွေ ပြည့်စုံကောင်းမွန်ဖို့ အရေးကြီးသလို အကြမ်းခံနိုင် ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ flagship စမတ်ဖုန်းအသစ်တွေကို ဘယ်လောက်ထိ အကြမ်းခံကြောင်းကို စမ်းသပ်ပြသထားတဲ့ ဗီဒီယိုတွေနဲ့ ပရိသတ်ရဲ့ နှစ်သက်ကျေနပ်မှုကိုရယူလေ့ရှိကြပါတယ်။

အခုလည်း ကမ္ဘာကျော်ကိုရီးယား နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ရဲ့ နောက်ဆုံးထွက် flagship စမတ်ဖုန်း LG G6 ဟာ ဘယ်လောက်ထိ အကြမ်းခံကြောင်းကို လက်တွေ့သိမြင်ရမယ့် စမ်းသပ်ချက် ဗီဒီယို တစ်ခု ပေါ်ထွက်လာပါတယ်။

ဒီ ဗီဒီယို ကို LG က ပြုလုပ်တာမဟုတ်ဘဲ စမတ်ဖုန်းတွေရဲ့ အကြမ်းခံမှုတွေကို ကိုယ်တိုင် စမ်းသပ် တင်ဆက် လေ့ရှိတဲ့ JerryRigEverything ဆိုတဲ့ YouTube Channel က ရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်။
ဒီ ဗီဒီယို ထဲမှတော့ LG G6 ရဲ့ မျက်နှာပြင်ဟာ အစင်းရာမထင်ကြောင်း ၊ မီး ဒဏ်ခံနိုင်ကြောင်း နဲ့ အတူ body bend test တွေနဲ့ body scratch test တွေပါ စမ်းသပ်ပြသထားတာတွေ့ရပါတယ်။

အောက်မှာ ကြည့်ရှုနိုင်ပါတယ်။


 

 

LG G6 Review ကို ဒီနေရာမှာ ဖတ်ပါ




Credit to ==>> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com