9/13/2017

♪ Xiaomi က အနောက်ကင်မရာ ၂ လုံးပါတဲ့ Mi Note 3 ကို ကြေညာ ♫


ရှောင်မီက အနောက်ကင်မရာ ၂ လုံးပါတဲ့ Mi Note 3 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ Mi 5X , Mi A1 တို့ထက် ကောင်းမွန်တဲ့ Snapdragon 660 Chipset ထည့်သွင်းထားပါတယ်။ 6GB RAM ထည့်သွင်းထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ 

Mi Note 3 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံးတပ်ဆင်ထားပြီး တစ်လုံးမှာ သာမာန်နဲ့ အခြားတစ်လုံးမှာ 2x Telephoto Lens ဖြစ်ပါတယ်။ အနောက်ကင်မရာများက Portrait Mode ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ အသားအရေကို ချောမွတ်စေခြင်း၊ မျက်နှာ ပုံသဏ္ဍာန် ကို ပြောင်းလဲခြင်း စတဲ့ Adaptable AI Beautiry ပါတဲ့ 16MP Camera ပါပါတယ်။ 

Mi Note 3 မှာ 3500mAh Battery ထည့်သွင်းထားပြီး Quick Charge 3.0 ပါပါတယ်။ 6GB RAM/64GB Storage Model ကို ယူရို ၃၂၀ ၊ 6GB RAM/128GB Storage Model (အနက်ရောင်) ကို ယူရို ၃၇၀ နဲ့ 6GB RAM/128GB Storage ( အပြာရောင်) ကို ယူရို ၃၈၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၅၂၀ ၀၀၀ နဲ့ ၆၁၀ ၀၀၀ ၀န်းကျင်အတွင်း ကျသင့်နိုင်ပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com