9/10/2017

♪ Ubuntu OS မှာ MKVToolNix ကို ထည့်သွင်းခြင်း ♫



MKVToolNix ဆိုတဲ့ ဆော့ဖ်ဝဲဟာ Ubuntu OS မှာ mkv ဖိုင်တွေကို ဖန်တီးခြင်း ဖြတ်ထုတ်ခြင်းအပိုင်းများ ပြုလုပ်ခြင်း အစရှိတာတွေကို ဖန်တီးပြုလုပ်နိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ MKV ဖိုင်တွေကို ထည့်သွင်းပြီး ပြင်ဆင်နိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

MKVToolNix ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင် ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

MKVToolNix ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

ပထမဆုံး repository ကို sudosh -c ‘echo “deb http://mkvtoolnix.download/ubuntu/$(lsb_release -sc)/ ./” >> /etc/apt/sources.list.d/bunkus.org.list’ ဆိုတဲ့ command နဲ့ add လိုက်ပါ။
ပြီးရင် repository key ကို install လုပ်ဖို့အတွက် wget -q -O – https://mkvtoolnix.download/gpg-pub-moritzbunkus
.txt | sudo apt-key add-ဆိုတဲ့ command ကို ထည့်သွင်း ရပါမယ်။
နောက်ထပ် ထည့်သွင်းရမယ့် command ကတော့ –
sudo apt-get update
sudo apt-get install mkvtoolnixmkvtoolnix-gui
ဆိုတဲ့ command ပဲဖြစ်ပါ တယ်။
အဆိုပါ MKVToolNix ကို အသုံးမပြုချင်တော့ဘူးဆိုရင် –
sudo apt-get remove mkvtoolnixmkvtoolnix-gui
sudo apt-get autoremove ဆိုတဲ့ command တွေနဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။


-သီဟ
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com