9/01/2017

♪ Ubuntu OS မှာ Flacon ကို ထည့်သွင်းခြင်း ♫


Flacon ဆိုတာကတော့ Ubuntu OS မှာ အသုံးပြုနိုင်မယ့် Audio File Encoder ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ Flacon ကို Ubuntu OS version 16.04 နဲ့ 17.04 တို့မှာ ထည့်သွင်း သုံးစွဲချင်သူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။

Flacon ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာဖြစ် ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ် ပေးရပါမယ်။

Flacon ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:flacon
sudo apt-get update
sudo apt-get install flacon
ဆိုတဲ့ command တွေကိုအသုံးပြုပြီး ထည့်သွင်းရမှာ ဖြစ် ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေး ရပါမယ်။ Package တွေကို download လုပ်ပြီးပြီဆိုရင်တစ်ခါတည်း ထည့်သွင်းပေး သွားပါလိမ့်မယ်။ ဒါကတော့ Ubuntu OS 16.04 နဲ့ 17.04 တို့မှာ Flacon version 3.0.0ကို ထည့်သွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။


-သီဟ


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com