9/01/2017

♪ ဖုန်းအသုံးပြုစဉ် ဖုန်းပူနွေးလာခြင်းကို ဘယ်လိုလျော့ချမလဲ ♫


စမတ်ဖုန်းတွေမှာ နောက်ဆုံး ပေါ် မြန်ဆန်တဲ့ အားသွင်းစနစ် ထောက်ပံ့ပါဝင်လာတဲ့အပြင် ဘက်ထရီ ကြီးကြီးနဲ့ processor စွမ်းဆောင်ရည် မြင့်မားလာတာနဲ့အမျှ ဖုန်းကို Multi-tasks အနေနဲ့ အွန်လိုင်းသုံးရင်း သီချင်းနာထောင်တာမျိုး၊ Download လုပ်ရင်း ဗီဒီယိုကြည့်တာမျိုး စတာတွေကို ကောင်းစွာလုပ်ဆောင် လာနိုင်ပါတယ်။ ဒါအပြင် 3D နဲ့ HD အမျိုးအစားဂိမ်းတွေနဲ့ တခြားသော App တွေ တစ်ပြိုင်နက် အသုံးပြုတဲ့အခါ မျိုးတွေမှာ ဖုန်းကိုယ်ထည် ပူနွေးလာနိုင်ပါတယ်။

နောက်တစ်ခုက ဖုန်းကို အားသွင်းရင်းနဲ့ အွန်လိုင်းသုံးတာ ဂိမ်းကစားတာစတာတွေကလည်း ဖုန်းရဲ့ဘက်ထရီစနစ်ကို ထိခိုက်စေမှာဖြစ်ပြီး ဖုန်းပုံမှန်ထက် ပိုမိုပူနွေးလာမှုတွေအပြင် ပျက်စီးမှုတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုမျိုး ဖုန်းကိုယ်ထည် ပူနွေးလာမှု က Hardware ပိုင်းနဲ့ဆိုင်တာဖြစ်တဲ့အတွက် ခုဖော်ပြပေးတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ဖုန်းကိုယ်ထည်အပူချိန် တိုးမြှင့်လာမှုကို လျော့ချနိုင်မှာဖြစ်ပါ တယ်။

အရင်ဆုံးအနေနဲ့ ဖုန်းသုံးရင်း ဖုန်းကိုယ်ထည် ပုံမှန်ထက် ပိုမိုပူနွေးလာပါက ကိုယ်ကဖုန်းကို ကာဗာတပ်ပြီး အသုံးပြုတာဆိုရင်တော့ ကာဗာကို အပူချိန်လျော့ကျတဲ့အထိ ဖြုတ်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ တစ်ချို့သောကာဗာတွေက ဖုန်းကိုယ်ထည် ပူနွေးလာမှုကို မလျော့ကျစေတဲ့အပြင် ပိုမိုပူနွေးမှုကို ဖြစ်တာကြောင့် ဖြစ်ပါတယ်။



ဖုန်းကို အားသွင်းနေတဲ့အခါ မျိုးတွေမှာလည်း ဖုန်းကိုယ်ထည်က သာမန်ထက် ပိုမိုပူနွေးလာနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကို အားသွင်းတဲ့အခါမှာ ဆိုဖာ၊ ဒါမှမဟုတ် မွေ့ယာ၊ ခေါင်းအုံးစတဲ့ အပူကိုစုပ်ယူ သိုလှောင်ထားနိုင်တဲ့ နေရာမျိုးတွေပေါ် တင်မထားဘဲ မာကျောမှုရှိတဲ့ မျက်နှာပြင်ဖြစ်တဲ့ စားပွဲ၊ သစ်သားခုံ စတာတွေပေါ်မှာ ထားရှိပြီး အားသွင်းပါ။ အဲလိုအားသွင်းမယ်ဆိုရင်တော့ ဖုန်းကိုယ်ထည် ပူနွေးမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။



ဖုန်းကို တစ်ညတာလုံး အားသွင်းထားတာမျိုးကလည်း အသုံးပြုမှုကြာလာတဲ့အခါမျိုးမှာ ဖုန်းကိုယ်ထည် ပုံမှန်ထက် ပူနွေးမှုကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကိုတစ်ညတာလုံး အားသွင်းပြီး အိပ်စက်တာ မျိုးတွေ ရှောင်ရှားပါ။



အချို့သော App တွေက ဖုန်းရဲ့ ဂရပ်ဖစ်ပိုင်းနဲ့ ပါဝါပိုင်းကို ပုံမှန်ထက်ပိုမို အသုံးပြုပါတယ်။ အဲဒီလို App တွေက ဖုန်းရဲ့ ကိုယ်ထည့်ကို အသုံးပြုနေစဉ် အချိန်တိုတိုအတွင်းမှာ ပိုမိုပူနွေးလာစေပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ background မှာ အလုပ်လုပ်နေတဲ့ Battery App၊ အွန်လိုင်း Speed Tester ၊ Task Killer စတဲ့ App တွေကလည်း ဖုန်းရဲ့ ပါဝါသုံးစွဲမှုကို မြင့်တက်စေတဲ့ပါတယ်။ အဲလိုမျိုး App တွေကို ပိတ်ထားပေးမယ်ဆိုရင်လည်း ဖုန်းကိုယ်ထည် ပူနွေးလာမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။



နောက်ထပ် ဖုန်းကိုယ်ထည် ပူနွေးမှုကတော့ ဖုန်းကိုနေရောင် တိုက်ရိုက်ကျတဲ့ နေရာမှာအသုံးပြု တာဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည်က ပလပ်စတစ်ကိုယ်ထည်၊ ပလပ်စတစ်နဲ့ သတ္တုစပ်ကိုယ် ထည်အမျိုးအစားတွေ ဖြစ်တဲ့အတွက် ပူပြင်းတဲ့နေရောင် တိုက်ရိုက် ဖုန်းပေါ်ကျတဲ့ အချိန်မျိုးမှာ ဖုန်းကိုအသုံးပြုခြင်းကလည်း ဖုန်းကိုယ်ထည်ကို သာမန်ထက်ပိုမို ပူနွေးလာနိုင်တဲ့အတွက် ရှောင်ရှားသင့် ပါတယ်။



နောက်ဆုံးတစ်ချက်အနေနဲ့ ဖုန်းရဲ့ အော်ရီဂျင်နယ် အားသွင်းကြိုး၊ ဘက်ထရီတွေအစား Third party လိုခေါ်တဲ့ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်တဲ့ ဈေးနှုန်းသက်သာတဲ့ ဘက်ထရီနဲ့ အားသွင်းကြိုးတွေက ဖုန်းကိုယ်ထည်ပူ နွေးမှုတွေဖြစ်နိုင်ပါတယ်။ ဖုန်းမှာ ဘက်ထရီ မကောင်းတော့တဲ့ အခါမျိုးမှာလည်း ဖုန်းကိုယ်ထည် ပူနွေးနိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းကိုအားသွင်းတဲ့ အခါမျိုးမှာ ဝယ်ယူစဉ်ကပါဝင်တဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးကိုသာ အသုံးပြုအားသွင်းသင့်ပါတယ်။ တွေ့ကရာ အားသွင်းကြိုးတွေ အသုံးပြု တာမျိုးရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့သော အားသွင်းကြိုးတွေက ဖုန်းမော်ဒယ် တစ်မျိုးတည်းအတွက်သာ ဖန်တီးထုတ်လုပ် ထားတာဖြစ်တဲ့အတွက် ကိုယ့်ဖုန်းနဲ့ မကိုက်တာမျိုးမှာ ဖုန်းပျက်စီးတာနဲ့ သာမန်ထက် ဖုန်းကိုယ်ထည် ပိုမိုပူနွေးတာaတွ ဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။





-ရဲထွဋ်ဝင်း
Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com