9/01/2017

♪ Nokia 3 Price : 189,000 Ks ရဲ့ အားသာချက် အားနည်းချက် ဒီဇိုင်း နှင့် အသေးစိတ်သုံးသပ်ချက်များ ♫


အားသာချက်
ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းရဲ့ပုံစံဒီဇိုင်း လှပခြင်း၊ ရှေ့ကင်မရာစနစ်ေ­ကာင်းမွန်ခြင်းတွေအပြင် SD Card နဲ့ Sim Card နှစ်ကတ်ကို သပ်သပ်စီတစ်ပြိုင်တည်း ထည့်သွင်းအသုံးပြု နိုင်ခြင်းတွေက ဒီဖုန်းရဲ့ အဓိကကောင်းမွန်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်းတစ်ခုအနေနဲ့ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ပိုင်းကလည်း သင့်တင့်ကောင်းမွန်တာ တွေ့ရမှာပါ။

အားနည်းချက်
နောက်ပိုင်းထွက် စမတ်ဖုန်းတွေ တော်တော်များများမှာ ပါဝင်တက်တဲ့ Fingerprint Sensor ကို ဒီဖုန်းမှာထည့်သွင်းထားတာ မတွေ့ရပါဘူး။ ကင်မရာပိုင်းမှာလည်း Camera Mode တွေကို ရွေးချယ်အသုံးပြနိုင်ဖို့ ထည့်သွင်းပေးထားတာမျိုး မတွေ့ရပါဘူး။

ဒီဇိုင်း
ပုံစံဒီဇိုင်းပိုင်း လှပသေသပ်တယ်လို့ ပြောရမယ့်ဖုန်းဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအတွက် ပလတ်စတစ်နဲ့ သတ္တုစပ်ကို တွဲဖက်အသုံးပြုထားတဲ့ ပုံစံမျိုးပြုလုပ်ထားပြီး အရွယ်အစားနဲ့ ထုထည်ကလည်း ကိုင် တွယ်အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင်ကျ ရှိနေစေပါတယ်။ ဖုန်းရဲ့ရှေ့ မျက်နှာပြင်ပေါ်မှာ Physical Button တစ်ခမှမပါဝင်ပဲ စနစ်အားလုံးကို Touch စနစ်နဲ့ အသုံးပြုရမှာပါ။ ကျောဘက်ကာဗာ အသေဖြစ်ပြီး စပီကာကိုတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထားပါ တယ်။ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် Volume Key တွေကတော့ ဖုန်းရဲ့ ညာဘက်ဘေးဘောင်ပေါ်မှာပါ။

မြင်ကွင်း
၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားပါ။

နည်းပညာ
ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် ဆန်းသစ် တဲ့နည်းပညာတွေကိုတော့ ဖုန်းမှာထည့်သွင်းထားတာသိပ် မတွေ့ရပါဘူး။ ပါဝါခလုတ်ကို နှစ်ချက်ဆက်တိုက်နှိပ်လိုက်ရင် ကင်မ ရာကိုတိုက်ရိုက်ဖွင့်ပေးနိုင်တဲ့ Shortcut စနစ်အပါအဝင် Motion စနစ် အသုံးပြုနိုင်တဲ့ စနစ်နှစ်မျိုးလောက်ပါဝင်တာတွေ့ရပါတယ်။ ဖုန်းထဲမှာ အကောင့်တွေခွဲပြီးသုံးနိုင်တဲ့ User ဆိုတဲ့စနစ်နဲ့ Nokia ရဲ့ ဝန်ဆောင်မှု App စနစ်တစ်ခုဖြစ်တဲ့ Support ဆိုတဲ့ စနစ်တွေပါဝင်ပါတယ်။ ကင်မ ရာပိုင်းမှာဆိုရင်လည်း HDR Mode, Timer ပဲပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ Nokia 3 ဟာ ဈေးနှုန်းအရ သင့်တင့်တဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ဖုန်းမှာပါဝင်ဖွဲ့ စည်းတည်ဆောက်ပေးထားတဲ့ Hardware ပိုင်းတွေကလည်း ဈေးနှုန်းနဲ့ ကြည့်မယ်ဆိုရင်တော့ သင့်တင့်တဲ့ အခြေအနေမျိုးမှာရှိနေပါတယ်။ ဒါ ပေမဲ့ နောက်ပိုင်းထွက်စမတ်ဖုန်းတွေမှာ တန်ဖိုးနည်းဖုန်းတော်တော်များ များမှာလည်း Fingerprint စနစ်ကို ထည့်သွင်းလာပေမယ့် ဒီဖုန်းမှာ Fingerprint စနစ်မပါဝင်တဲ့အချက်နဲ့ ကင်မရာပိုင်းမှာ Camera Mode တွေနည်းတဲ့ အချက်တွေတော့ ရှိနေပါတယ်။ မှတ်ဉာဏ်ပိုင်းကတော့ သင့်တင့်ကောင်းမွန်တဲ့ ပုံစံမျိုး ရှိနေပြီး ဘက်ထရီကလည်း ပမာဏအရ ကြည့်မယ်ဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် ဖုန်းရဲ့ CPU နဲ့ Screen က လည်း ပါဝါသိပ်မစားတဲ့အတွက် သုံးလို့အဆင်ပြေပါတယ်။ ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းပါ။ Sim Card နှစ်ကတ်နဲ့ SD Card ကိုသပ်သပ်စီ တစ်ပြိုင်တည်း ထည့်သုံးနိုင်တဲ့ အချက်ကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.0
CPU – Quad-core 1.4 GHz Cortex-A53
GPU – Mali-T720MP1
Memory – Internal 16GB, 2GB RAM, Micro SD 256GB
Camera – 8 MP, f/2.0, autofocus, LED flash, 1.12 µm pixel size, geo-tagging, touch focus, Video, Secondary 8 MP, f/2.0, autofocus
Wi-Fi – 802.11 b/g/n,dual-band,WiFiDirect, hotspot
Bluetooth – 4.0, A2DP, LE
Battery – Li-Ion 2630 Battery



သူတို့အမြင်
ကိုဇော်ကို (စမ်းသပ်အသုံးပြုသူ)
Nokia 3 ကို ဒီဇိုင်းတော့ ကြိုက်တယ်။ သူ့ဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ကိုင်လို့လည်း အရမ်းကောင်းတယ်။ ဖုန်းကတန်ဖိုးသင့် ဖုန်းဖြစ်ပေမယ့် အခြားစမတ်ဖုန်းတွေလို Fingerprint Sensor မပါ တာရယ်၊ ကင်မရာပိုင်းမှာ Mode တွေပြောင်းလဲပြီး သုံးဖို့အတွက် ဘာမှမပါတာရယ်ကိုတော့ သိပ်သဘောမကျဘူး။ CPU ပိုင်းနဲ့ GPU ပိုင်းတွေ၊ မှတ်ဉာဏ်ပိုင်းတွေကတော့ အမြင့်ကြီး မဟုတ်ပေမယ့်လည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ Sim Card နှစ်ကတ်လုံးနဲ့ SD Card ကိုတစ်ပြိုင်တည်း သုံးနိုင်တာကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။

မသိမ့်သိမ့်ဖြိုး (စမ်းသပ်အသုံးပြုသူ)
ကင်မရာမှာ Mode တွေ ဘာမှမပါတာကို သိပ်တော့သဘောမကျဘူး။ ဒါပေမယ့် ရှေ့ကင်မရာကတော့ မဆိုးဘူး။ Selfie ရိုက်ရ တာကောင်းပါတယ်။ ဒီဇိုင်းကလည်းလှတယ်။ ကိုင်ရတာလည်း ကောင်းပါတယ်။ မှတ်ဉာဏ်ပိုင်းလည်း ကောင်းပါတယ်။ CPU ပိုင်း ကလည်းကောင်းတယ်။ ဖုန်းရဲ့ Settings မြင်ကွင်းက နည်းနည်းရိုးသလိုတော့ ခံစားရတယ်။ Sim Card နှစ်ကတ် တစ်ပြိုင်တည်း သုံးနိုင်တာကိုတော့ သဘောကျတယ်။ နောက်ပိုင်းထွက် ဖုန်းတော်တော်များများမှာ Fingerprint ပါလာနေတဲ့အတွက် ဒီဖုန်းမှာ Fingerprint မပါတာက သတိထားမိစေတဲ့ အချက်တစ်ခုလိုတော့ ဖြစ်နေတယ်။

ကိုစိုင်းမင်းထွန်း (စမ်းသပ်အသုံးပြုသူ)
ဒီဇိုင်းပိုင်းအရ ကြိုက်တယ်။ ဒီဇိုင်းလှတယ်။ ကိုင်လို့လည်းကောင်းတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကိုတစ်ပြိုင်တည်း သုံးနိုင်တာကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။ CPU လည်း ကောင်းပါတယ်။ နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ တန်ဖိုးနည်း ဖုန်းတွေလည်း Fingerprint ပါလာကြတာများနေတဲ့ အချိန်မှာ ဒီဖုန်းက Fingerprint မပါလာတဲ့ အချက်က နှိုင်းယှဉ်တဲ့ အချိန်မှာ မြင်သာတဲ့ အချက်တစ်ခုလိုတော့ ဖြစ်နေတယ်။







-ကိုသက်
Credit to ==>  Internet Journal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com