9/05/2017

♪ Limited Edition အနေဖြင့် ထွက်လာတဲ့ ရေကန်ပြာရောင် Xiaomi Redmi Note 4 ♫


Xiaomi က Redmi Note 4 ရဲ့ Limited Edition Model အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Lake Blue လို့ အမည်ပေးထားပြီး အပြာဖျော့ရောင် ဖြစ်ပါတယ်။ သူ့ကို စက်တင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယတွင် စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

မော်ဒယ် အသစ်ရဲ့ Specifications များမှာ မူလမော်ဒယ်များနဲ့ တူညီပါတယ်။ Xiaomi Redmi Note 4 မော်ဒယ်အသစ်မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၁ ဖြစ်ပါတယ်။ Dual-SIM Phone ဖြစ်ပေမယ့် microSD Card Slot နဲ့ SIM Slot တစ်ခုကို မျှဝေ အသုံးပြုရမှာ ဖြစ်ပါတယ်။

သူ့မှာ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ Phase Detection Autofocus ပါတဲ့ 13MP Camera တပ်ဆင်ထားပြီး Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာလည်း Full HD Video များ ရိုက်ကူးနိုင်တဲ့ 5MP Camera ပါပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ထည့်သွင်းပေးထားပါတယ်။

Lake Blue Edition ဟာ အိန္ဒိယနိုင်ငံ ဘင်ဂါလူရူးမြို့မှ ညစ်ညမ်းနေတဲ့ ရေကန်များကို သန့်ရှင်းစေဖို့ ရည်ရွယ်ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်။ အဲဒီမြို့မှ ရေကန်များဟာ စက်ရုံများမှ စွန့်ပစ် အမှိုက်များကြောင့် ညစ်ညမ်းနေပါတယ်။ Xiaomi က အိန္ဒိယ အစိုးရနဲ့ ပူးပေါင်း၍ ရေကန်များ သန့်စင်ခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းများကို Kempambudhi Kere Lake အနီးအနားမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com