9/07/2017

♪ “ Service Center သို့ သွားဖို့ လက်တွန့်နေတတ်ကြတာ ဘာ့ကြောင့်များပါလိမ့် . . . ? ” ♫

Image may contain: text

မေးခွန်းလေးတစ်ခုနဲ့ စတင်လိုက်ပါမယ်။ Service Center သို့ သွားဖို့ လက်တွန့်နေတတ်ကြတာ ဘာ့ကြောင့်များပါလိမ့် . . . ? ။ ဘာကြောင့်လဲလို့ မေးကြည့်လိုက်မယ်ဆိုရင်တော့ အပြင်ဆိုင်မှာ ပြုပြင်တာက အများကြီးကို ဈေးသက်သာတယ်။ အပြင်ဆိုင်တွေက ဈေးနှုန်းလည်း အရမ်းမများဘူး။ အစိတ်အပိုင်းတစ်ခုလုံး လဲလှယ်လိုက်စရာမလိုဘူးလို့ ပြောကြပါလိမ့်မယ်။

မိုဘိုင်းဖုန်းအသုံးပြုနေကြသူများအကြား ဒီလိုအဖြစ်အပျက်မျိုးကို တစ်ယောက်မဟုတ် တစ်ယောက်တော့ ကြုံတွေ့ဖူးနိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ အများစုကလည်း ပြောနေကြတယ်။ Service Center တွေက ဈေးကြီးပါသတဲ့။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ဈေးကြီးပါတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင် အာမခံချက် အပြည့်အ၀ရရှိတယ်ဆိုတဲ့ အားသာချက်တစ်ခုလည်း ရှိနေတယ်ဆိုတာတော့ လက်ခံကြရမှာပါ။ သုံးစွဲသူဘက်က ကြည့်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းက ၀ယ်ထားတာ သိပ်မကြာသေးဘူး။ warranty မကုန်သေးပေမယ့် user fault ကြောင့် ပျက်တာဆိုတော့ ပစ္စည်းက လဲလှယ်ရတော့မယ်။ Service Center ကတော့ original ပစ္စည်းနဲ့ လဲလှယ်ပေးမယ်။ ဒါပေမယ့် လက်ခမပါ ပစ္စည်းဖိုးတင် နှစ်သောင်း၊ သုံးသောင်းကျမယ်လို့ ပြောလိုက်တယ်။

ဒါနဲ့ user လည်း အပြင်ဆိုင်မှာ သွားပြကြည့်တယ်။ အပြင်ဆိုင်ကလည်း ဒီဖုန်းပျက်ရတဲ့ အကြောင်းရင်းကို Service Center က ပြောတဲ့အတိုင်းပဲ ပြောလိုက်တယ်။ ဒါပေမယ့် ကွာခြားသွားတာက ပစ္စည်းအစိတ်အပိုင်း အစားထိုးတဲ့ နေရာမှာပါပဲ။ ဒီတော့ user အနေနဲ့ ကိုယ့်ဖုန်းလည်း ပြန်ကောင်းမယ်။ ပြင်ဆင်ခလည်း ဈေးသက်သာမယ်ဆိုတဲ့ နည်းလမ်းကို ရွေးချယ်လိုက်တာ များပါတယ်။ ဒါပေမယ့် သိထားသင့်တာက ကိုယ့်ရဲ့ဖုန်းဟာ တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ original အစိတ်အပိုင်းကို အစားထိုး လိုက်တာက အကောင်းဆုံးပါပဲ။ Service Center က original အစိတ်အပိုင်းအသစ်ကိုသာ အစားထိုးပြီး ပြင်ဆင်ပေးတာပါ။ နောက်တစ်ခုက Service Center တွေအနေနဲ့ original ပစ္စည်းအစိတ်အပိုင်းကို အစားထိုးလိုက်တာနဲ့ ပတ်သက်ပြီး အရည်အသွေးကို အာမခံချက် ပေးနိုင်တာပဲ ဖြစ်ပါတယ်။ လဲလှယ်ထည့်သွင်းလိုက်တဲ့ အစိတ်အပိုင်းက original မဟုတ်ခဲ့ရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင် ပါတယ်။

ဒီအတွက် ကိုယ့်ရဲ့ဖုန်းဟာ အသုံးခံသင့်သလောက် မခံဘဲ စောစောစီးစီး ပျက်စီးသွားနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါလိမ့်မယ်။ အပြင်ဆိုင်တိုင်းကို မဆိုလိုပါဘူး။ အချို့ဝန်ဆောင်မှုကောင်းသော ဆိုင်များလည်း ရှိပါတယ်။ ဥပမာအားဖြင့် Vivo ဟာ သူတို့ရဲ့ customer တွေကို လေးစားဂရုစိုက်သောအားဖြင့် Vivo စမတ်ဖုန်းတိုင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးက Vivo Service center တွေရှိတဲ့နေရာကို လိပ်စာအတိအကျနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါ ထည့်ပေးထားပါတယ်။ ဒါ့အပြင် Vivo စမတ်ဖုန်းတိုင်းကို 1 နှစ် အာမခံပေးထားတဲ့အပြင် ထုတ်ကုန်ရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ ပျက်စီးမှုတစ်ခုခုရှိခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ခဲ့မယ်ဆိုရင် စတင်ဝယ်ခဲ့တဲ့နေ့ကနေ 15 ရက်အတွင်း အခမဲ့ အစားထိုးလဲလှယ်ခွင့် ပေးထားပါသေးတယ်။

ဒါပေမယ့် User fault ဆိုရင်တော့ အာမခံကာလအတွင်းဖြစ်ပေမယ့် ပစ္စည်းတန်ဖိုးပေးအပ်ရမှာဖြစ်ပြီး ပြုပြင်မှုကတော့ အခမဲ့ဝန်ဆောင်မှုကို ရရှိမှာပါ။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းကို original နဲ့ ပြန်လည်အစားထိုးတပ်ဆင်ပေးတဲ့အတွက် အရည်အသွေးပိုင်းကိုလည်း စိတ်ချရမှာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဖြစ်နိုင်ရင်တော့ စမတ်ဖုန်းလိုပစ္စည်းမျိုးပြုပြင်ဖို့အတွက် Service Center သို့သွားပြီး original နဲ့ အစားထိုးတာက အကောင်းဆုံးဖြစ်မယ်လို့တော့ ထင်မြင်ယူဆမိပါတယ်။ Service Center တွေက ဈေးမကြီးဘူးလားလို့ မေးရင်၊ ဈေးကြီးတယ်လို့ပဲ ပြန်ဖြေပါရစေ။ ဒါပေမယ့် ကိုယ့်ပြုပြင်မယ့် စမတ်ဖုန်းနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု၊ စိတ်ချယုံကြည်ရစေမယ်လို့ Service Center တိုင်းက အာမခံဝန်ဆောင်မှု ပေးလျက်ရှိကြပါတယ်။



NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com