9/08/2017

♪ Huawei ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံး တန်ဖိုးမှာ ၉၉၉,၀၀၀/- ကျပ်ဝန်းကျင်ရှိ “Huawei P10 Plus” ♫

Image may contain: 2 people, people smiling, people standing

Huawei ရဲ့ အခုလက်ရှိအချိန်တွင် အကောင်းဆုံးသော ဖုန်းအမျိုးအစား ကတော့ P10 နဲ့ P10 Plus ဖြစ်ပါတယ်။ P10 မှာတော့ 5.1 inches မျက်နှာပြင်နဲ့ဖြစ်ပြီး၊ P10 Plus ကတော့ 5.5 inches မျက်နှာပြင် အကျယ်အ၀န်းရှိပါတယ်။ အများနှင့် မတူသည့် Hyper Diamond-Cut အချောသတ်ပုံစံအတွက် အထူးဖန်တီးထားသည်ကိုလည်း တွေ့ရှိရ မှာဖြစ်ပါတယ်။ Huawei P စီးရီး၏ အပိုင်းကဏ္ဍတစ်ခုဖြစ်သည့် ပါးလွှာ၍ အစွန်းကွေးပုံစံကိုလည်း HUAWEI P10 နှင့် P10 Plus တွင် တွေ့မြင် ရမှာ ဖြစ်ပါတယ်။

အလွန်ကောင်းမွန်သော Diamond-Cut အနားသတ် ဖြင့် Ceramic White နှင့် Dazzling အရောင်များ ရရှိနိုင်သလို sandblast အနားသတ်ဖြင့် Dazzing Gold, Graphite Black, Rose Gold နှင့် Mystic Silver အရောင်များကို ရရှိနိုင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှု အပိုင်းမှာတော့ Sim ကို Single နဲ့ Dual Sim ဆိုပြီး မိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံသော ဖုန်းအမျိုးအစားဖြစ်စေ ဖို့အတွက်လည်း Splash Resistant ပါရှိပါတယ်။ P10 Plus မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor ၂ လုံးကိုအနောက် ဘက်မှာပူးတွဲတပ်ဆင်ထားတဲ့ ဒုတိယမျိုးဆက် Leica Dual Camera ပါပါ တယ်။ RGB Sensor က အရောင်စုံရိုက်ကူးပေးနိုင်ပြီး Monochrome Sensor က အသေးစိတ်ကျစွာ ဖမ်းယူပေးပါတယ်။

HUAWEI P10 နှင့် P10 Plus တွင်ပါရှိသည့် Studio-like Portrait Enhancements ရုပ်ပုံနည်းပညာသည် အမျိုးမျိုး သောမျက်နှာသွင်ပြင်နှင့် အသားအရည်အရောင်တို့ပေါ်မူတည်၍ အဆင့်မြှင့်တင်ပေးထားသည့် နည်းပညာတစ်ခုဖြစ်ပါတယ်။ မျက်နှာအနေအထားနှင့်အသားအရေ၊ အရောင်အသွေးတို့ကို သေချာနားလည်ခြင်းနှင့်အတူ Portrait လုပ်ဆောင်ချက်က သဘာဝကျကျပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ 2.0 Pro Edition တွင် SUMMILUX-H Leica မှန်ဘီလူးများပါရှိပြီး ပိုမိုကြီးမားသည့် F/1.8 အလင်းဝင်ပေါက်က အလင်းအားနည်းသည့် အခြေအနေများတွင် အလင်းတိုးထည့်ပေးနိုင်ရန် လုပ်ဆောင်ပေးပါတယ်။ Kirin 960 နှင့် တွဲဖက်ပါဝင်လာသည့် ISP သည် ပတ်ဝန်းကျင်ပြောင်းလဲမှုအနေအထား နှင့် မျက်နှာပြင် အနေအထားကို အချိန်နှင့် တစ်ပြေးညီ ကိုက်ညီအောင် ရယူပေးနိုင်စွမ်းရှိပါတယ်။


လူနဲ့အရာဝတ္ထုများကို ဓာတ်ပုံရိုက်ကူးပြီး မှနောက်ခံကို Blur လုပ်နိုင် ပါတယ်။ အဲဒီအတွက် အဓိကကျတဲ့ လူနဲ့ အရာဝတ္ထုများကိုထင်ရှားစွာမြင်ရမှာပါ။ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးမှ Focus ကို နောက်မှ အေးအေးဆေးဆေးလုပ်နိုင်ပါတယ်။ P10 Plus မှာ Autofocus ပါတဲ့ 8MP Selfie Camera ပါပါတယ်။ ကင်မရာမှာ စွမ်း ဆောင်ချက်များစွာပါတဲ့အတွက် Selfie များကို လျင်မြန်စွာရိုက်ကူးနိုင် ပါတယ်။ သင်ပြုံးလိုက်တာနဲ့ ကင်မရာကဓာတ်ပုံရိုက်ပေးဖို့ သတ်မှတ်နိုင် ပါတယ်။ မျက်နှာကိုလှပစွာရိုက်ကူးပေးတဲ့ စွမ်းရည်က သင့်မျက်နှာကို အာရုံခံပြီး လှပမှုများကို ဖြည့်စွက်ပေးပါ တယ်။ ရှေ့ကင်မရာ၏ ဆင်ဆာ သည်လည်း အလင်းအားနည်းသည့် အနေအထားတွင် ရိုက်ကူးသည့်အခါ မှာတောင် အကောင်း ဆုံးရုပ်ထွက်ရရှိစေရန် ပုံအရည်အသွေးကို တိုးမြှင့်ပေး ပါတယ်။ 3D Facial Detection လုပ်ဆောင်ချက်ကြောင့် ပိုမိုတိကျ၍ ပြီး ပြည့်စုံသည့် Selfie ပုံများရရှိစေမှာဖြစ်ပါတယ်။

Huawei P10 Plus မှာ Kirin 960 Processor အသစ်တပ်ဆင်ထားပြီး ဥာဏ်ရည်မြင့် Machine Learning Algorithm ပါတဲ့အတွက် အမြန်နှုန်း ကတော့ အံ့မခန်းပါပဲ။ Hardware နဲ့ Software တို့ သင့်တင့်အချိုးကျစွာ ပူးပေါင်းအလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကြောင့် Huawei P10 Plus ဟာ အလွန်လျင်မြန်နေပါတယ်။ Kirin 960 Processor တပ်ဆင်ထားတဲ့ အတွက် Apps များ အသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်းနဲ့ HD Games များ ကစားခြင်းတို့ ပြုလုပ်ရင် စွမ်းဆောင်ရည်အလွန်ကောင်းမွန်ပါတယ်။ CPU ပိုင်းမှာတော့ Core A73 2.4GHz လေးလုံးနဲ့ Core A53 1.8GHz ၄ လုံး တပ်ဆင်ထားတဲ့ ဆန်းသစ်တဲ့ ARM Cortex A73 CPU ကိုအသုံးပြုထား ပါတယ်။ 


ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G71 MP8 GPU က စွမ်းဆောင်ရည် ကို ၁၈၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပါတယ်။ P10 Plus ဟာ Five 2G Bands, 10 3G Bands, 20 4G Bands အပါအ၀င် Frequency Bands များစွာကို ထောက်ပံ့ပါတယ်။ နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Carrier ပေါင်း ၁၃၃၄ ခုကို ထောက်ပံ့ပေးတဲ့အတွက် ဘယ်နေရာသွားသွား ဆက်သွယ်နိုင် ပါတယ်။ အင်တာနာကလည်း ဖုန်းရဲ့ထောင့် ၄ နေရာလုံး ကနေ ချိတ်ဆက်ပေးမှာဖြစ်တာကြောင့် လိုင်းဆွဲအားအလွန်ကောင်းပါ လိမ့်မယ်။ P10 Plus မှာ 4 Level Fingerprint နဲ့ 3D Fingerprint Recognition နည်းပညာများပါပါတယ်။ ပြီးတော့အရင်မျိုးဆက်မှာလိုမျိုး နောက်ကျောဘက်မှာမဟုတ်တော့ဘဲနဲ့ Home button မှာ ထည့်သွင်းပေး ထားပါတယ်။ ဖိုင်များကိုဖွက်ထားနိုင်ပြီး သင့်လက်ဗွေရာနဲ့မှဖွင့်နိုင် ပါတယ်။ လက်ဗွေရာ စနစ်က P9 ထက် ၂၀ ရာခိုင်နှုန်းပိုမိုမြန်လာပါ တယ်။

သင့်ရဲ့ Contacts, Photos, Apps များကို Privacy Space မှာ သိမ်းထားနိုင်ပြီး လက်ဗွေရာ တစ်ချက်တည်းနဲ့ သုံးနိုင်ပါတယ်။ EMUI 5.1 ထည့်ထားတဲ့ Huawei စမတ်ဖုန်းတွေကြားမှာ လျင်မြန်လွယ်ကူစွာဖိုင်များ မျှဝေဖို့ Huawei Share ကိုသုံးပါ။ ဖုန်းများကိုသင်ကိုယ်တိုင် Pair လုပ်စရာ မလိုပါဘူး။ P10 Plus ရဲ့ ဘက်ထရီအမျိုးအစားကတော့ Li-Ion 3750mAh ဖြစ်ပြီး၊ အားအပြည့်ရှိပါက နှစ်ရက်နီးပါးအသုံးခံပါတယ်။ အားသွင်းမြန် ဆန်သော စနစ်လည်း ပါရှိပြီး မှတ်ဥာဏ်ပမာဏမှာ 64GB (or) 128GB ဖြစ်ပြီး၊ RAM မှာ 4GB (or) 6GB ဖြစ်ပါတယ်။ P10 Plus ရဲ့ တန်ဖိုးမှာ ၉၉၉,၀၀၀/- ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com