နည်းပညာသစ်တွေက တခါတရံမှာ မမျှော်လင့်ထားတဲ့
ထူးဆန်းအံ့သြဖွယ်မျိုးပေးတတ်ပါတယ်။ အချို့အရာတွေက လိုအပ်ချက်နဲ့
ထပ်တူမကျလို့ ပျောက်ကွယ်သွားတာမျိုးရှိတတ်ပါတယ်။
အင်္ဂါနေ့က
Bloomberg က လုပ်တဲ့ပွဲမှာ Samsung Electronics ရဲ့ Mobile ဥက္ကဋ္ဌဖြစ်သူ Koh
Dong-jin က ကုမ္မဏီရဲ့ အနာဂတ်အစီအစဉ်နဲ့ပတ်သက်ပြီး Samsung ဟာ နောက်နှစ်ထဲ
ခွေခေါက်လို့ရတဲ့ Screen အပျော့ပုံစံ flexible display ကို ဖုန်းအနေနဲ့
ထုတ်မှာဖြစ်တယ် လို့ ကြေငြာခဲ့ပါတယ်။ အဆိုပါ ပြောင်းလဲမှုဟာ
နည်းပညာလောကအတွက်ရော အသုံးပြုသူတွေ အနေနဲ့ပါကြီးမားတဲ့
ပြောင်းလဲမှု တရပ်အဖြစ်မြင်တွေ့ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Samsung ရဲ့ ပထမဆုံး OLED flexible display ကို
2013 မှာထုတ်ခဲ့တာဖြစ်ပြီး “Youm” လို့ခေါ်ပြီး နှစ်ကြာတဲ့အထိ
လုပ်ဆောင်မှုမပြည့်စုံလို့ မထွက်ခဲ့တာဖြစ်ပါတယ်။ကြားကာလမှာ
ပုံစံအမျိုးမျိုးနဲ့ ဖုန်းဒီဇိုင်းတွေထွက်ရှိခဲ့ပြီး အလှကုန်ဗူးပုံစံမျိုး
ဖုန်းကို ထုတ်လုပ်ခြင်းတွေပါ ရှိခဲ့ပါတယ်။
ခေါက်လို့လွယ်တဲ့ Screen ရဲ့ အားသာချက်ကတော့
လက်ထဲကလွတ်ကျတဲ့ စားပွဲပေါ်က ရုတ်တ၇က်ပြုတ်ကျတဲ့အခါ Screen အနေနဲ့
ထိခိုက်မှုရှိမှာမဟုတ်ပါဘူး။နေရာအတွက်လဲ တကူးတကစိတ်ပူစရာမဆိုပဲ
ပေါ့ပေါ့ပါးပါးနဲ့ ဘယ်နေရာမှာမဆို ထားရှိလို့ရတယ်ဆိုပါတယ်။LG ဟာလည်း
အဆိုအပါ အစီအစဉ်နဲက ပတ်သက်ပြီး အကောင်အထည်ဖော်မှုတွေရှိနေပြီး ဈေးကွက်ထဲကို
ဘယ်သူအရင်ဝင်လာမလဲ ခန့်မှန်းလို့မရသေးပါဘူး။Samsung စပီကာနဲ့ အခြား
hardware တွေကိုတော့ ဘေးဘောင်မှာဖြစ်ဖြစ်
အပေါ်အောက်နေရာမှာဖြစ်ဖြစ်ထားရှိမှာ ဖြစ်ပြီး screen ကို
အပါးလွှာအပေါ့ပါးဆုံး ခေါက်လို့ရအောင်ပြုလုပ်မယ်လို့ သိရပါတယ်။
နည်းပညာဟာ ပြိုင်ဆိုင်မှုပြင်းထန်လာပြီး အသစ်သစ်သော တိုးတက်ပြောင်းလဲမှုတွေက မနက်ဖြန်တိုင်း မှာ ရောက်ရှိလာနေမှာ ဖြစ်ပါတယ်။