
Facebook က ၀ိုင်ဖိုင်ချိတ်ဆက်ထားရင် ဗီဒီယိုများကိုအလိုအလျောက် ဒေါင်းလုပ်လုပ်ပေးတဲ့ စွမ်းဆောင်ချက်ကိုစမ်းသပ်နေပါတယ်။
အဲဒီ အတွက် ဗီဒီယိုများကို Offline ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ
စွမ်းဆောင်ချက်ကို Instant Videos လို့ အမည်ပေးထားပြီးသူ့ရဲ့ Mobile Apps
များမှာထည့်သွင်းစမ်းသပ်နေပါ တယ်။
ဗီဒီယိုများဟာမိုဘိုင်းဒေတာအလွန် ကုန်ကျတဲ့အတွက်
အခမဲ့ ၀ိုင်ဖိုင် ရရှိချိန်မှာအလိုအလျောက် ဒေါင်းလုပ်လုပ်ပေးတဲ့
ယခုစွမ်းဆောင်ချက်ဟာ အလွန် အသုံးဝင်ပါတယ်။ ဒါ့အပြင်
ဒေါင်းလုပ်လုပ်ထားတဲ့အတွက် ထစ်ခြင်းမရှိဘဲချောမွတ်စွာ ကြည့်ရှုနိုင်မှာ
ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာဗီဒီယိုများကိုလူကြည့်များစေချင်ဖို့အတွက်လည်း
ကြိုးစားနေပါတယ်။ Facebook က YouTube ကိုယှဉ်ပြိုင်ချင်နေတာ လည်း
ဖြစ်ပါတယ်။ YouTube မှာလည်းဗီဒီယိုများကို Offline ကြည့်ရှုနိုင် တဲ့
စွမ်းဆောင်ချက်ကိုထည့်သွင်းပေးထားပါတယ်။
Facebook က Android App အသုံးပြုသူအနည်းငယ်ဖြင့် Instant Videos ကိုစမ်းသပ်နေတယ်လို့ TechCrunch ကိုအတည်ပြုထားပါတယ်။ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမလားဆိုတာကိုတော့
မသိရသေးပါဘူး။ ဒါ့အပြင် Facebook ရဲ့ Video Tab အသစ်မှ ဗီဒီယိုများနဲ့
Newsfeed မှာ Algorithm အရပေါ်လာတဲ့ ဗီဒီယိုများအားလုံးကိုဒေါင်းလုပ်လုပ်ပေး မလား ဆိုတဲ့ သတင်းအချက်အလက်ကိုလည်းကြေညာခြင်းမရှိသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
ဗီဒီယိုများဟာမိုဘိုင်းဒေတာ
Facebook က Android App အသုံးပြုသူအနည်းငယ်ဖြင့် Instant Videos ကိုစမ်းသပ်နေတယ်လို့ TechCrunch ကိုအတည်ပြုထားပါတယ်။ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမလားဆိုတာကိုတော
Mobile Guide Journal (Every Monday)
https://www.facebook.com/