9/13/2017

♪ “Samsung က တန်ဖိုးနည်း Galaxy Tab A (2017) ကိုကြေညာ” ♫

Image may contain: indoor

Samsung က Galaxy Tab A(2017) အမည်ရတက်ဘလက် အသစ် တစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။ တန်ဖိုးနည်းတက်ဘလက် ဖြစ်ပြီး အမေရိကန် ဒေါ်လာအားဖြင့် ၂၈၅ နဲ့ မြန်မာငွေ အားဖြင့် ၃၈၅ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ဗီယက်နမ်မှာဒေါင် ၆၄၉၀၀၀၀ ဖြင့်ရောင်းချ ပေးနေပြီးအခြားနိုင်ငံများမှာရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။ 

Samsung Galaxy Tab A (2017) မှာ၈ လက်မ 1280x800p Display တပ်ဆင်ထားပါတယ်။ 1.4GHz Processor တပ်ဆင်ထားတဲ့ Quad-Core SoC မောင်းနှင်မှာဖြစ်ပေမယ့် SoC ရဲ့ မော်ဒယ် အမျိုးအစား ကိုဖော်ပြထားခြင်းမရှိသေးပါဘူး။

Samsung Galaxy Tab A(2017) ရဲ့ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါ တယ်။ 2GB RAM, 16GB Internal Storage သာပါပါတယ်။ Android 7.1 Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 5000mAh Battery ထည့်သွင်းထားပါတယ်။အရွယ်အစားအပြည့်အစုံ မှာ212.1 x 124.1 x 8.9mmနဲ့ အလေးချိန်မှာ ၃၆၄ ဂရမ် ဖြစ်ပါတယ်။





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com