9/13/2017

♪ “Moto X4 ရဲ့ Android One Edition လာမည်” ♫

No automatic alt text available.

Evan Blass က Moto X4 ရဲ့ Android One Edition ကို Twitter မှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို သူကပြောကြားခြင်းမရှိပါဘူး။အဲဒီဖုန်းကို Moto X4 လို့တော့ အမည်ပေး မှာမဟုတ်ဘဲအခြားအမည်ပေးမှာ ဖြစ်ပါတယ်။ 

Android One X4 မှာ Stock Android ထည့်သွင်းထားမှာဖြစ်ပါတယ်။ Motorola က သူ့ရဲ့ အခြားစမတ်ဖုန်းများမှာလည်း Stock Android ကိုထည့်သွင်းပေးထားတဲ့အတွက် Android One X4 ဟာမူလ X4 နဲ့ User Interface အပိုင်းမှာများစွာကွဲပြားခြင်းမရှိနိုင်ပါဘူး။ Stock Android ထည့်သွင်းထားတဲ့အတွက် Android OS Update ကို လျင်မြန်စွာ ရရှိနိုင်ခြင်း၊ ကြိုတင်ထည့်သွင်းထားတဲ့ Apps များနည်းပါးခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ 

အဲဒီစမတ်ဖုန်းဟာအမေရိကန်မှာပထမဆုံးရောင်းချမယ့် Android One Phone ဖြစ်လာမှာပါ။ အရင်တုန်းကတော့ အိန္ဒိယလိုဖွံ့ဖြိုးဆဲနိုင်ငံများ မှာသာ Android One စမတ်ဖုန်းများကိုရောင်းချပေးခဲ့ပါတယ်။ မကြာခင် ကလည်းရှောင်မီနဲ့ Google တို့ ပူးပေါင်း၍ Xiaomi Mi A1 အမည်ရ Android One Smartphone ကိုရောင်းချပေးခဲ့ပါတယ်။ အဲဒီစမတ်ဖုန်း ဟာ Mi 5X ကိုအခြေပြု၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး MIUI မပါဘဲ Stock Android ထည့်သွင်းထားပါတယ်။ Android One Phone များ ဟာအရင်ကတော့ တန်ဖိုးနည်းစွမ်းဆောင်ရည်နိမ့်ဖုန်းများ ဖြစ်ပေမယ့် အခုတော့ ဒေါ်လာ ၄၀၀ ၀န်းကျင်တန် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ ဖြစ်လာပါတယ်။ 

 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com