
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ထားတဲ့ OPPO A57 ဟာ
budget phone အမျိုးအစားဖြစ်ပြီး သုံးစွဲလို့ ကောင်းမွန်တဲ့ အရည်အသွေးမြင့်
ဖုန်းတစ်လုံးဖြစ်ပါတယ်။ ၎င်းရဲ့ အရှေ့ကင်မရာ စွမ်းအားက flagship-level
အဆင့်ရှိပြီး ထူးခြားကောင်းမွန်တဲ့ Hand Feature အသစ်ဖြစ်တဲ့ Pulm Shutter
Function နဲ့ Bokeh effects တွေကိုတောင် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။
အရှေ့ ကင်မရာကို ဦးစားပေးထားတာကြောင့် Selfie ချစ်သူတွေအကြိုက် တွေ့ကြမှာပါ။ ဒါ့အပြင် ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့
စက်စွမ်းဆောင်ရည်ကလည်း တိကျလျင်မြန်မှုရှိပြီး ဒီဇိုင်းပုံစံက
ခေတ်မီဆန်းသစ်လှပါတယ်။ ကိုယ်ထည်က uni-body ဒီဇိုင်းဖြစ်ပြီး
အလေးချိန်နဲ့အရွယ်အစားက ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့
အပြင် လက်ထဲမှာလည်း ကျစ်ကျစ်လျစ် လျစ်လေးရှိပါတယ်။ OPPO ရဲ့ ထုတ်လုပ် နေကျ
ဒီဇိုင်းပုံစံအတိုင်းပဲ ထုတ်လုပ်ထားပြီး အရှေ့မျက်နှာပြင်ရော
နောက်ကျောဘက်ကပါ ရှင်းရှင်းလင်းလင်းလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။
အရှေ့မျက်နှာပြင် ရဲ့အပေါ် ဘက်မှာ အရှေ့ကင်မရာ OPPO နဲ့ အောက်ဘက်မှာ
Physical Home button တစ်ခုနဲ့ ဘေးတစ်ဖက်စီမှာ Capacitive button ၂ ခုကို
မြင်တွေ့ရမှာပါ။ Home button မှာ လုပ်ဆောင်ချက် လျင်မြန်တိကျတဲ့ Superfast
Fingerprint sensor ကို တပ်ဆင်ထားပြီး ၎င်းက hydrophobic zirconium surface
ဖြစ်တာ ကြောင့် လက်ချောင်းမှာ ရေစိုနေရင်တောင် Sensor က အလုပ်လုပ်
ပေးနိုင်ပါတယ်။ ဖုန်းကို လျင်မြန်စွာ unlock လုပ်ပေးနိုင်သလို ဖုန်းထဲက
Data တွေကိုလည်း လုံခြုံစွာ သိမ်းဆည်း ပေးထားနိုင်ပါသေးတယ်။
နောက်ကျောဘက်အပေါ်ညာဘက်ထောင့်မှာတော့
အနောက် Camera Lens နဲ့ သူ့ဘေးမှာ LED Flash မီးလုံးကိုသာ
တွေ့မြင်နိုင်ပါတယ်။ ပါဝါခလုတ်က ညာဘက်ဘေးဘောင်မှာ တည်ရှိပြီး အသံ အတိုး
အကျယ်ခလုတ် တွေက ဘယ်ဘက်မှာရှိပါတယ်။ ကျန်တာတွေ အားလုံး ကလည်း
သူ့နေရာနဲ့သူသေသေသပ်သပ် ရှိနေတာကြောင့် လုပ်ဆောင် ချက်တွေကို အလွယ်တကူ
ထိန်းချုပ်နိုင်ပါတယ်။
၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 card ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်မယ့် Dual SIM စနစ်ပါရှိပါတယ်။ ဖုန်းအရွယ်အစားက 149.1 x 72.9 x 7.7 mm ရှိပြီး အလေးချိန်က 147g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပြီး အရှေ့မျက်နှာ ပြင်အကျယ်က 5.2-inch ရှိတဲ့အတွက် မကျဉ်းမကျယ်အရွယ်အစားပါပဲ။ ၎င်းမျက်နှာပြင်ကို IPS LCD Capacitive Touchscreen display နဲ့ပြုလုပ်ထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းတွေကိုပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အနေတော် မျက်နှာပြင်အရွယ်အစားနဲ့ အလယ်အလတ်တန်းစားအဆင့်လောက်ရှိတဲ့
မြင်ကွင်းစွမ်းအားတွေကို ရရှိစေနိုင်မှာပါ။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ
multitouch စနစ်ကို သုံးစွဲနိုင်ပါသေးတယ်။ အထဲမှာ Android 6.0
(Marshmallow) ကို run ထားပြီး Color OS 3.0 User Interface
နဲ့ပြုလုပ်ပေးထားပါတယ်။ ၎င်းက ဖုန်းဘက်ထရီကို ချွေတာပေးနိုင်ပြီး
သုံးစွဲလို့လည်း အဆင်ပြေပါတယ်။ အနောက်ကင်မရာက 13MP, f/2.2 aperture
စွမ်းအားကို ထောက်ပံ့ပေးနိုင်ပြီး အရှေ့ကင်မရာက 16 MP, f/2.0
aperture စွမ်းအားကို ပေးစွမ်းနိုင်တဲ့အတွက် အနောက်ကင်မရာ ထက်တောင်
ပိုမိုကောင်းမွန်တဲ့ Selfie ဓာတ်ပုံတွေကိုရိုက်ယူ နိုင်ပါတယ်။ ဖုန်းထဲမှာ
data တွေကို သိမ်းဆည်းဖို့အတွက် internal memory 32GB ပါရှိတဲ့အပြင် Micro
SD card ကို 256 GB အထိ ထပ်မံစိုက်ထည့်သုံးနိုင် တာကြောင့် လုံလောက်မှုလည်း
ရှိပါတယ်။ ယာယီမှတ်ဥာဏ်စွမ်းအား RAM က 3GB ပါရှိပါတယ်။ Budget Phone
အမျိုးအစားဖြစ်ပေမယ့် စက်စွမ်းဆောင်ရည်ပိုင်းအတွက်လည်း တန်းဝင်အဆင့်လောက်ရှိတဲ့ chipset နဲ့ Processor တို့ကို ထောက်ပံ့ပေးထားတာကိုတွေ့ရပါတယ်။
၎င်းမှာ microUSB 2.0 နဲ့ Bluetooth 4.1, A2DP စနစ်တွေ ကိုပံ့ပိုးပေး
ထားပါတယ်။ ဒါ့အပြင် FM Radio စနစ်လည်း ပါရှိပါသေးတယ်။ ဒါကြောင့်
ဈေးနှုန်းအရရော၊ စွမ်းဆောင်ရည်အရပါ လူတိုင်း ကြိုက်နှစ်သက်ကြမှာဖြစ်တဲ့
အလယ်အလတ်တန်းစား အဆင့်မြင့် စမတ်ဖုန်း တစ်လုံးပဲဖြစ်ပါတယ်။
<Design & Display>
၎င်းရဲ့ဒီဇိုင်းပုံစံက ရိုးရှင်းပြီး ဆွဲဆောင်မှုလည်း ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့
ကိုယ်ထည်ရှိပြီး အကြမ်းလည်း ခံနိုင်ပါ တယ်။ ၎င်းကို Gold နဲ့ Rose Gold
ဆိုတဲ့ အရောင်နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။ မျက်နှာပြင်ပေါ်မှာ 2.5 D Curved
Glass နဲ့ဖုံးအုပ်ထားပြီး HD မြင်ကွင်းတွေကိုအပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။
<Camera>
13MP စွမ်းအားရှိတဲ့ အနောက်ကင်မရာနဲ့ 16MP ရှိတဲ့ အရှေ့ကင်မရာ တို့က ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ တွေနဲ့ဗီဒီယိုတွေကို ရယူနိုင်ပြီး အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူပေးနိုင်ပါတယ်။
<Processor>
ကိုယ်ထည်ထဲမှာ Qualcomm MSM8940 Snapdragon 435 chipset နဲ့ Octa-core 1.4 GHz Cortex-A53 Processor တို့က အပြည့်အ၀ ထောက်ပံ့ပေးထားပြီး Adreno 505 GPU ကြောင့် ရုပ်ထွက်တွေက အရောင်အသွေးစိုစိုပြည် ပြည်နဲ့သဘာဝကျလှပါတယ်။
<Performance>
၎င်းက ဖုန်းလိုင်းဆွဲအားကောင်းပြီး
အင်တာနက်အသုံးပြုရတာလည်း လျင်မြန်မှုရှိသလို စက်ပူခြင်း၊ စက်ဟမ်းခြင်းတွေ
ကိုလည်း အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင်
နောက်ဆုံးပေါ်ဂိမ်းတွေနဲ့ apps တွေတော်တော်များများကိုလည်း အသုံးပြုနိုင်မှာပါ။
<Battery Life>
ထည့်သွင်းအသုံးပြုထားတဲ့ Non-Removable Li-Ion 2900 mAh battery က သာမန်သုံးစွဲသူတွေအတွက် လုံ လောက်တဲ့ စွမ်းအားပဲဖြစ်ပြီး နာရီပေါင်း ၂၃ နာရီကြာ ဖုန်းဆက်တိုက်ပြောနိုင်ပြီး ဗီဒီယိုတွေ၊ ရုပ်ရှင်တွေကို ၁၁ နာရီကြာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
<Technical Specs>
» Network......................... GSM/CDMA/HSPA/LTE
» Dimensions................... 149.1 x 72.9 x 7.7 mm
» Weight............................ 147g
» Display........................... 5.2-inch, Capacitive
Touchscreen
» OS.................................. Android 6.0 (Marshmallow)
» CPU................................ Octa-core 1.4 GHz Cortex-A53
» Memory........................... 32GB, 3GB
» Camera........................... Back : 13 MP, Front : 16MP
» Connectivity.....................GSM, WLAN, Bluetooth 4.1, USB
2.0
» Sensors...........................Fingerprint (front-mounted),
Accelerometer, Proximity, Compass
» Battery............................Non-Removable Li-Ion 2900
mAh
» Price……………………...299,000 Ks
» Phone…………………….01-255501 (AMT Mobile Mart)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 card ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်မယ့် Dual SIM စနစ်ပါရှိပါတယ်။ ဖုန်းအရွယ်အစားက 149.1 x 72.9 x 7.7 mm ရှိပြီး အလေးချိန်က 147g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပြီး အရှေ့မျက်နှာ ပြင်အကျယ်က 5.2-inch ရှိတဲ့အတွက် မကျဉ်းမကျယ်အရွယ်အစားပါပဲ။ ၎င်းမျက်နှာပြင်ကို IPS LCD Capacitive Touchscreen display နဲ့ပြုလုပ်ထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းတွေကိုပေးစွမ်းနို
<Design & Display>
၎င်းရဲ့ဒီဇိုင်းပုံစံက ရိုးရှင်းပြီး ဆွဲဆောင်မှုလည်း ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကိုင်တွယ်သုံးစွဲလို့ကောင်း
<Camera>
13MP စွမ်းအားရှိတဲ့ အနောက်ကင်မရာနဲ့ 16MP ရှိတဲ့ အရှေ့ကင်မရာ တို့က ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ တွေနဲ့ဗီဒီယိုတွေကို ရယူနိုင်ပြီး အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူပေးနိုင်ပါတယ်။
<Processor>
ကိုယ်ထည်ထဲမှာ Qualcomm MSM8940 Snapdragon 435 chipset နဲ့ Octa-core 1.4 GHz Cortex-A53 Processor တို့က အပြည့်အ၀ ထောက်ပံ့ပေးထားပြီး Adreno 505 GPU ကြောင့် ရုပ်ထွက်တွေက အရောင်အသွေးစိုစိုပြည် ပြည်နဲ့သဘာဝကျလှပါတယ်။
<Performance>
၎င်းက ဖုန်းလိုင်းဆွဲအားကောင်းပြီ
<Battery Life>
ထည့်သွင်းအသုံးပြုထားတဲ့ Non-Removable Li-Ion 2900 mAh battery က သာမန်သုံးစွဲသူတွေအတွက် လုံ လောက်တဲ့ စွမ်းအားပဲဖြစ်ပြီး နာရီပေါင်း ၂၃ နာရီကြာ ဖုန်းဆက်တိုက်ပြောနိုင်ပြီး
<Technical Specs>
» Network...................
» Dimensions................
» Weight....................
» Display...................
Touchscreen
» OS........................
» CPU.......................
» Memory....................
» Camera....................
» Connectivity..............
2.0
» Sensors...................
Accelerometer, Proximity, Compass
» Battery...................
mAh
» Price……………………...299,000 Ks
» Phone…………………….01-255501 (AMT Mobile Mart)
Mobile Guide Journal (Every Monday)
https://www.facebook.com/