
မြန်မာနိုင်ငံတွင် လူတော်တော်များများသည် ဘဏ်စနစ်ကို မသုံးစွဲကြပါ။
မြန်မာ့လူဦးရေ၏ ၁၀% ကျော်သာ ဘဏ်စနစ်ကို သုံးစွဲကြသည်ဟုဆို သည်။ သို့သော်
မိုဘိုင်းဖုန်းစနစ်ဖွံ့ဖြိုးလာမှုကြောင့်
မိုဘိုင်း ဖုန်းမှ တစ်ဆင့် ငွေပေးချေသောစနစ်က နေ့စဉ်နှင့်အမျှ
တိုးတက်လာနေသည်။ ဘဏ်ကိုအသုံးပြုရန် စိတ်မ၀င် စားသူများပင်လျှင်
မိုဘိုင်းငွေပေးချေမှု စနစ်ထဲသို့ ၀င်ရောက်လာကြပါသည်။ ဘဏ်စနစ်သုံးစွဲသူများကလည်း ဘဏ်ပိတ်ချိန်တွင် လွယ်လင့်တကူ ငွေကြေးထုတ်ယူသုံးစွဲနိုင်ရန် ATM ကတ်များကို ကိုင်ဆောင်လာကြ ပါသည်။ ATM ကတ်များသည် မိုဘိုင်း စနစ်ကို တစ်နည်းတစ်ဖုံ အားပေးသော နည်းပညာဖြစ်ပါသည်။
ခြုံ၍ဆိုရလျှင် မိုဘိုင်းဘဏ်စနစ်သည် လမ်းပေါ်တွင် အမြဲတမ်းပြေးလွှား လှုပ်ရှား၍ လုပ်ကိုင် စားသောက်ရသူတို့၏ နေ့စဉ်လူနေမှုဘ၀တွင် ပါဝင်ပတ်သက်လာသည်မှာ သေချာသည်။ မိုဘိုင်းဘဏ်စနစ်နှင့် ချိတ်ဆက်အလုပ်လုပ်ရာတွင် ပါဝင်သောအချို့ငွေကြေးပမာဏမှာ
အတော်ပင်များ၏။ ထို့ကြောင့် အွန်လိုင်း ရာဇ၀တ်ကောင်များက ဘဏ်စနစ်ထဲဝင်၍
မသမာမှုများပြုလုပ်ရန် မျက်စိကျပါ၏။ မိုဘိုင်းဘဏ် စနစ်သုံးသူ၏
လမ်းကြောင်းထဲသို့ ၀င်ရောက်ရန် အလွယ်ကူဆုံး လမ်းကြောင်းကား Malware
များမှတစ်ဆင့်ဖြစ်ပါ၏။ Malware များကို မိုဘိုင်းဖုန်းသုံးစွဲသူက သံသယဖြင့်
အမြဲတစေစစ်ဆေးနေမည်ဟုဆိုလျှင် permission အလွန်အကျွံတောင်းသော Mobile app မှတစ်ဆင့်လည်း ၀င်ရောက်လေ့ရှိပါ၏။
အွန်လိုင်းလုံခြုံရေးအဖွဲ့အစည်းများ၏ အစီရင်ခံစာတစ်ရပ်အရဆိုလျှင် အွန်လိုင်းရာဇာဝတ်ကောင် တို့သည် malware များ ဖြန့်ဝေရန်အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့်
အလွန်ဆင်တူသော app များကိုပင် အသုံးပြုကြသည်ဟု သိရပါသည်။ ယင်းအယောင်ဆောင်
app များမှတစ်ဆင့် အရေးကြီး data များကို နှိုက်ယူပြီး ရာဇ၀တ်မှုကျူးလွန်ကြ
ခြင်းဖြစ်ပါသည်။ အဆိုပါအဖွဲ့အစည်းများ၏ အစီရင်ခံစာ၌ ကမ္ဘာပေါ်တွင် သုံးနေသော
app ပေါင်း သုံးသိန်းခွဲ၏ ၁၁% ဖြစ်သည့် app ပေါင်း လေးသောင်းခန့်သည်
ဘဏ်လုပ်ငန်း ၀န်ဆောင်မှုနှင့်ပတ်သက်သည်ဟု
ဖော်ပြထားပါသည်။ ယင်း app များကို ကမ္ဘာ့ထိပ်တန်း app store
ကိုးဆယ်ခန့်တွင် အလွယ်တကူရနိုင်ပြီး app ထဲတွင် malware သို့မဟုတ်
သံသယဖြစ်ဖွယ်ကောင်းသော binary code များ ပါဝင်လျက်ရှိပါသည်။
လုံခြုံရေးအစီရင်ခံစာအရ အဆိုပါဘဏ် app ပေါင်း လေးသောင်း၏လုံခြုံ စိတ်ချရမှုကို စစ်ဆေးရာတွင် app ပေါင်း ၂၁၀၇၆ တွင် adware ပါဝင် လျက်ရှိသည်ကိုလည်းကောင်း၊ app ပေါင်း ၂၀၀၀၀ တွင် Trojan malware ပါဝင်လျက်ရှိသည်ကိုလည်းကောင်း၊
app ပေါင်း ၃၈၂၃ တွင် spyware ပါဝင်လျက်ရှိသည် ကိုလည်းကောင်း၊ app ပေါင်း
၂၀၉ တွင် data ခိုးယူသော code များ ပါဝင်လျက်ရှိသည်ကိုလည်းကောင်း၊
app ပေါင်း ၁၇၈ တွင် malicious Java Script များ ပါဝင်လျက်ရှိသည်ကို
လည်းကောင်း တွေ့ရသည်ဟုဆိုပါသည်။ အများပြည်သူနှင့် စီးပွားရေး
လုပ်ငန်းအများစုက သူတို့၏ ငွေရေးကြေးရေးကိစ္စများအတွက် အွန်လိုင်း ဘဏ်နှင့် အွန်လိုင်းငွေပေးချေမှုစနစ်တို့ကို
တိုးတက်အသုံးပြုလာသည်နှင့် အမျှ မိုဘိုင်းဘဏ်စနစ်ထဲဝင်၍ မွှေနှောက်ဒုက္ခ
ပေးမှုများ ပိုမိုများပြား လာမည်ဟုလည်း ခန့်မှန်းကြပါသည်။
မိုဘိုင်းဘဏ်စနစ်သာမကဘဲ အွန်လိုင်းဝန်ဆောင်မှုများဖြစ်သည့်
web performance, optimization analystics, personalization
စသည့်နေရာတို့တွင်လည်း code injection ဟုခေါ်သည့် ရှုပ်ထွေးသည့်
နည်းပညာကိုသုံး၍လည်းကောင်း၊ DDOS ဟုခေါ်သည့် လုပ်ရိုးလုပ်စဉ်နည်းပညာကို သုံး၍လည်းကောင်း တိုက်ခိုက်လာနိုင်သည်ဟု မှန်းဆကြပါသည်။
ထိုသို့တိုးတက်လာမည့် တိုက်ခိုက်မှုနည်းပညာများကို
မည်သို့ကာကွယ်ကြ မည်နည်း။ နည်းပညာ တစ်မျိုးတည်းကို သုံး၍
ရေရှည်မကာကွယ်နိုင်သည် ကား သေချာသည်။ အကောင်းဆုံးကာကွယ်နည်းမှာ
နည်းပညာတစ်မျိုးကို လုံခြုံရေးအလွှာတစ်ခုအဖြစ်ထားပြီး လုံခြုံရေးအလွှာပေါင်းများစွာဖြင့်
ကာကွယ်ခြင်း ဖြစ်သည်။ ပထမဆုံးအသုံးပြုသင့်သည့် လုံခြုံရေးအလွှာမှာ
မိမိအသုံးပြုမည့် app အား stealth mode ဖြင့် ၀င်ရောက်အသုံးပြုခြင်း
ဖြစ်သည်။ Stealth Mode ဆိုသည်မှာ app ၏ အလုပ်လုပ်ပုံကို ပြင်ပမှ အလွယ်တကူ
မြင်တွေ့ခွင့်မရစေရန် ကိုယ်ယောင်ဖျောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းရာဇ၀တ်ကောင်များအနေဖြင့် app workflow ကို နားလည်ရန် ခက်ခဲသွားစေပါသည်။
Stealth Mode အသုံးပြုခြင်းနည်းပညာမှာ အနည်းငယ်ခက်ခဲရှုပ်ထွေး သည်။ ပရိုဂရမ်ရေးသားခြင်း အတတ်ကို ကျွမ်းကျင်လိမ္မာဖို့လိုပါသည်။
Reverse engineering resistance လုပ်နည်းလုပ်ဟန်ကို လုပ်တတ်ဖို့ လိုပါသည်။
Reverse engineering ဆိုသည်မှာ ပရိုဂရမ်ရေးသူက machine code
အသွင်သို့ပြောင်း ထားသော program code များကို ပြန်ဖော်ပြီး
မိမိအလိုရှိသလို ပြန်လည်စီရင်ရသော အတတ်ပညာဖြစ် သည်။ ယင်းအတတ်ပညာကိုသုံး၍
မူရင်း data တို့အား ကြုံရာကျပန်း character များဖြင့် ဖုံးအုပ်ခြင်း
(obfucation) ပြုရပါသည်။ Stealth mode သည် အလွန်ကောင်းမွန်သည်ဟု
ဆိုသော်လည်း ယင်းကို စမတ်ဖုန်း emulator များမှတစ်ဆင့်ဝင်၍
အသုံးပြုခွင့်မရစေရန် လုံခြုံရေးအထူးကြပ်မတ်ထားဖို့ လိုပါသည်။ မိမိဖုန်းအား အခြားလူများ အလွယ်တကူဝင်ရောက်အသုံးပြုခွင့်မရစေရန် finger print လုံခြုံရေး စနစ်အသုံးပြုခြင်းမျိုးဖြစ်ပါသည်။
Android ကဲ့သို့သော open source OS များကို အွန်လိုင်းရာဇ၀တ် ကောင်များက ဖောက်ထွင်းရန် အလွန်လွယ်ကူသည်။ ထို့ကြောင့် ကိုယ်ပိုင် security libraries ထားသင့်သည်။ ယင်းကိစ္စအတွက် နည်းပညာ ကျွမ်းကျင်သူ၏ အကူအညီလိုပါသည်။ ကိုယ်ပိုင် security စနစ်ရှိခြင်း အားဖြင့် standard OS တစ်ခုတွင် တွေ့ရလေ့ရှိသော ယိုပေါက်များအား ပြင်ပလူများအလွယ်တကူ ရှာဖွေဖော်ထုတ်ခွင့်မရစေရန် ယိုပေါက် များအား ပြင်ပလူများအလွယ်တကူ ရှာဖွေဖော်ထုတ်ခွင့်မရစေရန်
အကာအကွယ်ပေးပါသည်။ ဒုတိယအသုံးပြု သင့်သည့် လုံခြုံရေးနည်း ပညာတစ်ရပ်မှာ
data protection ဖြစ်သည်။ အဘယ်ကြောင့် data protection လိုအပ်ပါသနည်း။
Android နှင့် iOS mobile software Developer Kits (SDK) များကို
အပြည့်အ၀ယုံကြည် ကိုးစား၍မရသော ကြောင့်ဖြစ်ပါသည်။ ယင်း SDK တို့က မိမိ၏ app
data များကို ကာကွယ် စောင့်ရှောက် ခြင်းမပြုနိုင်ပါ။ ထို့ကြောင့် အထက်တွင်
ဖော်ပြခဲ့သော data obfuscation နည်းပညာကိုသုံးထားသည့် အခြားသော secure
storage များကို သုံးသင့်ပါသည်။ အသုံးပြုမှုအတွက် ငွေကြေးကုန်ကျ
မှုရှိနိုင်ပါသည်။ လုံခြုံစိတ်ချရသော ပြင်ပ storage နေရာမရနိုင်ပါက security
library တစ်ခုဖန်တီးပြီး ယင်းထဲတွင် sensitive data များထား ရှိသင့်ပါသည်။
Security Library ဆို၍ ခဲရာခဲဆစ် မဟုတ်ပါ။ Storage Space တစ်ခုအား
encryption keys သုံး၍ ကာကွယ်ထားခြင်းမျိုးဖြစ်ပါ သည်။
တတိယမြောက်သုံးသင့်သည့် လုံခြုံရေးနည်းလမ်းမှာ လုံခြုံစိတ်ချရသော communication channel များကို သုံးခြင်းဖြစ်သည်။ ငွေရေးကြေးရေး များများစားစား အသုံးပြုရသော မိုဘိုင်းဘဏ်စနစ်ဖြစ်လျှင် certificate pinning စနစ်ဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများကို
လုံခြုံရေးယူသင့်ပါ သည်။ ယင်းစနစ်သည် မိမိ၏ data များအား
လွှဲပြောင်းပေးပို့ရန်အတွက် လုံခြုံစိတ်ချရသော source တစ်ခုဖြစ်သည့် server
certificate ကို အသုံးပြုခြင်းဖြစ်သည်။ ယင်း certificate ကို copy ယူကာ app
နှင့် တွဲထားနိုင်သည်။ ထိုသို့တွဲထားခြင်းဖြင့် အနာဂတ်ကာလတွင် ပိုမို
လုံခြုံသော authentication စနစ်ကို အသုံးပြုနိုင်ပါမည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
ခြုံ၍ဆိုရလျှင် မိုဘိုင်းဘဏ်စနစ်သည် လမ်းပေါ်တွင် အမြဲတမ်းပြေးလွှား လှုပ်ရှား၍ လုပ်ကိုင် စားသောက်ရသူတို့၏ နေ့စဉ်လူနေမှုဘ၀တွင် ပါဝင်ပတ်သက်လာသည်မှာ သေချာသည်။ မိုဘိုင်းဘဏ်စနစ်နှင့် ချိတ်ဆက်အလုပ်လုပ်ရာတွင် ပါဝင်သောအချို့ငွေကြေးပမာဏမ
အွန်လိုင်းလုံခြုံရေးအဖွဲ့အ
လုံခြုံရေးအစီရင်ခံစာအရ အဆိုပါဘဏ် app ပေါင်း လေးသောင်း၏လုံခြုံ စိတ်ချရမှုကို စစ်ဆေးရာတွင် app ပေါင်း ၂၁၀၇၆ တွင် adware ပါဝင် လျက်ရှိသည်ကိုလည်းကောင်း၊ app ပေါင်း ၂၀၀၀၀ တွင် Trojan malware ပါဝင်လျက်ရှိသည်ကိုလည်းကောင
ထိုသို့တိုးတက်လာမည့် တိုက်ခိုက်မှုနည်းပညာများကို
Stealth Mode အသုံးပြုခြင်းနည်းပညာမှာ အနည်းငယ်ခက်ခဲရှုပ်ထွေး သည်။ ပရိုဂရမ်ရေးသားခြင်း အတတ်ကို ကျွမ်းကျင်လိမ္မာဖို့လိုပါသည
Android ကဲ့သို့သော open source OS များကို အွန်လိုင်းရာဇ၀တ် ကောင်များက ဖောက်ထွင်းရန် အလွန်လွယ်ကူသည်။ ထို့ကြောင့် ကိုယ်ပိုင် security libraries ထားသင့်သည်။ ယင်းကိစ္စအတွက် နည်းပညာ ကျွမ်းကျင်သူ၏ အကူအညီလိုပါသည်။ ကိုယ်ပိုင် security စနစ်ရှိခြင်း အားဖြင့် standard OS တစ်ခုတွင် တွေ့ရလေ့ရှိသော ယိုပေါက်များအား ပြင်ပလူများအလွယ်တကူ ရှာဖွေဖော်ထုတ်ခွင့်မရစေရန်
တတိယမြောက်သုံးသင့်သည့် လုံခြုံရေးနည်းလမ်းမှာ လုံခြုံစိတ်ချရသော communication channel များကို သုံးခြင်းဖြစ်သည်။ ငွေရေးကြေးရေး များများစားစား အသုံးပြုရသော မိုဘိုင်းဘဏ်စနစ်ဖြစ်လျှင် certificate pinning စနစ်ဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများက
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ
Mobile Guide Journal (Every Monday)
https://www.facebook.com/