9/09/2017

♪ Oppo က 13MP Camera ပါတဲ့ တန်ဖိုးနည်း A71 ကို ပြသ ♫


Oppo က A Series စမတ်ဖုန်း အသစ်တစ်လုံးကို ပြသလိုက်ပါတယ်။ Oppo A71 လို့ အမည်ပေးထားပြီး Oppo Pakistan နဲ့ Oppo Malaysia ၀က်ဆိုက်များမှာ အဲဒီ စမတ်ဖုန်းကို ဖော်ပြထားပါတယ်။ Oppo A71 မှာ Octa-Core 1.5GHz Processor ပါတဲ့ MediaTek MT6750 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ GPU ကတော့ Mali-T860 MP2 ဖြစ်ပါတယ်။

Oppo A71 မှာ ၅.၂ လက်မ HD Display တပ်ဆင်ထားပါတယ်။ 3GB RAM, 16GB Internal Storage များ ထည့်သွင်းထားပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ Phase Detection Autofocus နည်းပညာ ပါတဲ့ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera များ တပ်ဆင်ထားပါတယ်။ 3000mAh Battery ထည့်သွင်းထားပါတယ်။ Android 7.1 Nougat အခြေပြု ColorOS 3.1 မောင်းနှင်မှာ ဖြစ်ပါတယ်။ 4G LTE, Wi-Fi 802.11 b/g/n, Bluetooth v4.0 စတဲ့ ဆက်သွယ်မှုများ ပါပါတယ်။

Oppo A71 ရဲ့ အရွယ်အစား အပြည့်အစုံမှာ 148.1×73.8 x7.6mm နဲ့ အလေးချိန်မှာ ၁၃၇ ဂရမ် ဖြစ်ပါတယ်။ သူဟာ တန်ဖိုးနဲ့ စွမ်းဆောင်ရည်အပိုင်းမှာ သင့်တင့်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို မလေးရှားမှာ ရောင်းချပေးနေပါတယ်။ ဒေါ်လာ ၂၀၀ တန်ကြေးရှိပြီး မြန်မာငွေ ၂၇၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com