Lenovo က အိန္ဒိယမှာ K8 နဲ့ K8 Plus တို့ကို မိတ်ဆက်လိုက်ပါတယ်။
Lenovo K8 Plus
K8 Plus ဟာ အနောက်ကင်မရာ ၂ လုံးပါပေမယ့် ၁၇၁ ဒေါ်လာသာ တန်ကြေးရှိပါတယ်။ အနောက်ကင်မရာများဟာ 13+5MP တို့ ဖြစ်ပါတယ်။ ကင်မရာ ၂ လုံးပေါင်းစပ်၍ ထူးခြားတဲ့ Effects များကို ဖန်တီးပေးပါတယ်။ ၅.၂ လက်မ Full HD Display ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ MediaTek Helio P25 Processor , 3 or 4GB RAM, 32GB Storage , 4000mAh Battery များ တပ်ဆင်ထားပါတယ်။
Lenovo K8
K8 မှာ ၅.၂ လက်မ HD Display , MediaTek Helio P20 Processor, 4000mAh Battery များ ထည့်သွင်းထားပါတယ်။ K8 Plus မှာလို အနောက်ကင်မရာ ၂ လုံး မပါဘဲ PDAF ပါတဲ့ 13MP Camera ၁ လုံးပါပါတယ်။
စမတ်ဖုန်း ၂ လုံးစလုံးမှာ Stock Android 7.1.1 ထည့်သွင်းပေးထားပါတယ်။ K8 Note က စပြီး Lenovo က Stock Android ကို သူ့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးနေပါတယ်။ K8 ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပေမယ့် မြေပြင်အရောင်းဆိုင်များကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ K8 Plus ကို အိန္ဒိယမှာ အွန်လိုင်းစတိုးဆိုင် Flipkart ကနေ ရောင်းချပေးနေပါပြီ။